ကိုယ်ရေးအချက်အလက်လုံခြုံရေးဆိုင်ရာမူဝါဒ

ဤကိုယ်ရေးအချက်အလက်လုံခြုံရေးဆိုင်ရာမူဝါဒသည် ဤမူဝါဒနှင့် ချိတ်ဆက်ထားသော ဝက်(ဘ်)ဆိုက်၊ အက်ပလီကေးရှင်း၊ ထုတ်ကုန်၊ ဆော့ဖ်ဝဲ သို့မဟုတ် ဝန်ဆောင်မှုနှင့်ဆက်စပ်၍ Netherlands Institute for Multiparty Democracy ("NIMD", "ကျွန်ုပ်တို့", "ကျွန်ုပ်တို့၏သို့မဟုတ် "ကျွန်ုပ်တို့ကိုယ်တိုင်ဟုရည်ညွှန်းမည်က သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မည်ကဲ့သို့ စုဆောင်းမည်၊ အသုံးပြုမည်၊ မျှဝေမည်ကို ရှင်းပြထားပါသည်။ ဤကိုယ်ရေးအချက်အလက်ဆိုင်ရာလုံခြုံရေးဆိုင်ရာမူဝါဒတွင် ပါဝင်သော အဓိပ္ပါယ်ဖွင့်ဆိုထားသည့် စကားလုံးများသည် အခြားမဖော်ပြထားပါက အသုံးပြုမှုစည်းမျဉ်းများတွင် ဖော်ပြထားသည့် အဓိပ္ပာယ်အတိုင်းဖြစ်ပါသည်။

၁။ ကျွန်ုပ်တို့ သိမ်းဆည်းသော အချက်အလက်များ

.၁။ သင်၏ အကောင့်တစ်ခုကိုမှတ်ပုံတင်ခြင်းပြီး အက်ပလီကေးရှင်း သို့မဟုတ် ဝက်(ဘ်)ဆိုက် ကို အသုံးပြုသည့်အခါ ကျွန်ုပ်တို့သည် ထိုသို့မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်အတွင်း ပေးဆောင်သည့် အချက်အလက်များကို စုဆောင်းအသုံးပြုပါသည်။ ကျွန်ုပ်တို့ စုဆောင်းသည့် အချက်အလက်များတွင် အောက်ပါတို့ အပါ ပါဝင်ပါသည်။

(ကကိုယ်ရေးကိုယ်တာ အချက်အလက်များ အမည်အပြည့်အစုံ၊ မွေးသက္ကရာဇ်၊ ကျား/မ၊ နေရပ်လိပ်စာ၊ ကျွန်ုပ်ထံတွင် သင်တက်ရောက်ခဲ့သည့် သင်တန်းများ စသည်၊

(အဖွဲ့အစည်း နှင့် ဆက်သွယ်ရန်အချက်အလက်များ သင် အလုပ်လုပ်ကိုင်နေသော သို့မဟုတ် သင်အဖွဲ့ဝင်ထားသော အဖွဲ့အစည်း၏ အချက်အလက်များ၊ ၎င်းအဖွဲ့အစည်းတွင်း ပါဝင်သူများ သို့မဟုတ် သင်၏လုပ်ဖော်ကိုင်ဖက်များ၏ အချက်အလက်များ၊ အဖွဲ့အစည်းအတွင်းရှိ သင်၏ ရာထူးတာဝန်နှင့် အလားတူအချက်အလက်များ၊

(အကောင့်ဆိုင်ရာ အချက်အလက်များ လုံခြုံရေးဆိုင်ရာ အချက်အလက်များ (အသုံးပြုသူအမည်များနှင့် စကားဝှက်များ၊ အထောက်အထား စိစစ်ခြင်း နည်းလမ်းများ)

(နည်းပညာဆိုင်ရာအချက်အလက်များ IP Address၊ တည်နေရာ၊ စက်ပစ္စည်း အချက်အလက်များ၊ website browser အချက်အလက်များ ( browser အမျိုးအစား၊ ရှာဖွေမှုမှတ်တမ်းအပါအဝင်၊ စာမျက်နှာ ကြည့်ရှုမှု မှတ်တမ်းများ၊ အသုံးပြုမှုအချက်အလက်များ၊ cookies နှင့် သုံးစွဲသည့်ဒေတာမှတ်တမ်း နှင့် အခြားအသုံးပြုသူများကို ခြေရာခံခြင်း နည်းပညာများ ကဲ့သို့သော နည်းပညာဆိုင်ရာအချက်အလက်များ)

(အသုံးပြုသူအကြောင်းအရာ ဆက်သွယ်ရေးဆိုင်ရာ အကြောင်းအရာများ၊ အကြံပြုချက်များ၊ မေးခွန်းများ၊ မှတ်ချက်များ၊ ဖြေကြားချက်နှင့် ကျွန်ုပ်တို့ထံသို့ ပေးပို့သည့် အခြားအချက်အလက်များ၊ ကျွန်ုပ်တို့ထံ ဆက်သွယ်သောအခါတွင် သင်ပေးပို့ပေးသောအကြောင်းအရာများ၊ သို့မဟုတ် ကျွန်ုပ်တို့၏ဝန်ဆောင်မှုများတွင် တင်ထားသည့် သတိပေးချက်များ၊ ဖိုင်တွဲများရှိ အချက်အလက်များအပါအဝင်၊ မှတ်စုများ၊ မျှဝေထားသော အကြောင်းအရာများ နှင့် အလားတူအချက်အလက်များ၊

(စက်ပစ္စည်းနှင့် Browser အချက်အလက်များ ကွန်ရက်နှင့် ချိတ်ဆက်မှု အချက်အလက်များ (Internet Service Provider (ISP) နှင့် Internet Protocol (IP) လိပ်စာများ အပါအဝင်)၊ စက်ပစ္စည်း၊ Browser အမှတ်အသား နှင့် အချက်အလက်များ (စက်ပစ္စည်း၊ application သို့မဟုတ် browser အမျိုးအစား၊ ဗားရှင်း၊ plug-in အမျိုးအစား နှင့် ဗားရှင်း၊ operation system၊ ဘာသာစကားနှင့် ဒေသစံတော်ချိန်ဆက်တင်များနှင့် အခြားနည်းပညာဆိုင်ရာ အချက်အလက်)၊ ကြော်ငြာသတ်မှတ်မှုစနစ်၊ cookie ခွဲခြားသတ်မှတ်မှုအချက်အလက်များနှင့် အလားတူ အချက်အလက်များ၊

(အသုံးပြုမှုဆိုင်ရာ အချက်အလက်နှင့် ရှာဖွေမှုမှတ်တမ်းများ အသုံးပြုမှုအတိုင်းအတာများ (အသုံးပြုမှုနှုန်းထားများ၊ နည်းပညာဆိုင်ရာ အမှားအယွင်းများ ဖြစ်ပွားမှုများ၊ diagnostic report များ ၊ ဆက်တင်ရွေးချယ်မှုများ၊ အရန်အချက်အလက်၊ API ခေါ်ဆိုမှုများနှင့် အခြားမှတ်တမ်းများ)၊ အပြန်အလှန်တုံ့ပြန်မှု အကြောင်းအရာများ (ရှာဖွေမှုများ၊ ကြည့်ရှုမှုများ၊ ဒေါင်းလုဒ်များ၊ ပရင့်ထုတ်မှုများ၊ မျှဝေမှုများ၊ တိုက်ရိုက်ထုတ်လွှင့်မှုများ၊ နှင့် ပြသမှု သို့မဟုတ် ဖွင့်ခြင်းအသေးစိတ်များ ပါဝင်သည်နှင့် အသုံးပြုသူ၏ သုံးစွဲမှုမှတ်တမ်း (clickstreams နှင့် စာမျက်နှာလမ်းညွှန်မှုများ အပါအဝင်၊ URL များ၊ timestamp များ ၊ ကြည့်ရှုထားသည့် သို့မဟုတ် ရှာဖွေထားသည့် အကြောင်းအရာ၊ စာမျက်နှာ ကြည့်ရှုမှုအချိန်များ၊ စာမျက်နှာ အပြန်အလှန်ဆက်သွယ်မှုဆိုင်ရာ အချက်အလက် (ဥပမာ scrolling, clicks, and mouse-oversနှင့် ဒေါင်းလုဒ်အမှားများ)၊ ကြော်ငြာများအ‌ပေါ်တုံ့ပြန်မှုများ၊ (စျေးကွက်ရှာဖွေရေးနှင့် ကြော်ငြာပစ္စည်းများ၊ Click Rates၊ ကြော်ငြာတစ်ခုနှင့် စျေးကွက်ရှာဖွေမှုဆိုင်ရာ စိတ်ကြိုက်ရွေးချယ်မှုများကို သင်မြင်ပြီးနောက် ဝယ်ယူမှုများ သို့မဟုတ် နောက်အဆင့်များ အပါအဝင် အလားတူအချက်အလက်များပါဝင်ပါသည်။

၂။ အချက်အလက်များကို ကျွန်ုပ်တို့ မည်သို့သိမ်းဆည်းထားမည်

.၁။ ကျွန်ုပ်တို့သည် သင့်ထံမှ သင်၏အချက်အလက်များ/ဒေတာများကို တိုက်ရိုက်စုဆောင်းနိုင်ပြီး ကျွန်ုပ်တို့၏ အက်ပလီကေးရှင်း သို့မဟုတ် ဝက်(ဘ်)ဆိုက်ကို အသုံးပြု၍ အချက်အလက်များကို ရယူခြင်း၊ အသုံးပြုခြင်း သို့မဟုတ် ဒေါင်းလုဒ် ပြုခြင်းဖြင့်လည်း သင်၏ အချက်အလက်များကို အလိုအလျောက် စုဆောင်းနိုင်ပါသည်။ သင့်တွင် သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို မပေးနိုင်ပါက ကျွန်ုပ်တို့သည် သင့်အား ဝန်ဆောင်မှုများ မပေးနိုင်ပါ သို့မဟုတ် အကြောင်းအရာနှင့် ဝန်ဆောင်မှုများကို အက်ပလီကေးရှင်း သို့မဟုတ် ဝက်(ဘ်)ဆိုက်မှတဆင့် သင် ဝင်ရောက်ကြည့်ရှုနိုင်မည်မဟုတ်ပါ သို့မဟုတ် သင်၏ တိုင်ကြားချက်များကို ပြန်လည်ဖြေကြားနိုင်မည်မဟုတ်ပါ။

.၂။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကိုအသုံးပြုရန်အတွက် ဖုန်းဖြင့်ဖြစ်စေ ၊ အီးမေးလ် ဖြင့်ဖြစ်စေ သို့မဟုတ် အခြားနည်းဖြင့်ဖြစ်စေ အက်ပလီကေးရှင်း သို့မဟုတ် ဝက်(ဘ်)ဆိုက် အသုံးပြုသူအဖြစ် မှတ်ပုံတင်သည့်အခါတွင် ကျွန်တို့၏ ဆောင်ရွက်မှုများနှင့် အစီအစဥ်များတွင် သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ/ဒေတာများကို ရယူသိမ်းဆည်းထားမည်ဖြစ်ပါသည်။

.၃။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို အသုံးပြုသည့်အခါ သို့မဟုတ် ကျွန်ုပ်တို့၏ အက်ပလီကေးရှင်း သို့မဟုတ် ဝက်(ဘ်)ဆိုက် မှတစ်ဆင့် အကြောင်းအရာများကို ဖန်တီးခြင်း သို့မဟုတ် တင်သည့်အခါတွင် အက်ပလီကေးရှင်း သို့မဟုတ် ဝက်(ဘ်)ဆိုက်သည် သင်၏ဆက်စပ်အချက်အလက်များနှင့် သင်၏ လက်ရှိတည်နေရာကို လက်ခံသိမ်းဆည်းထားပါမည်။

.၄။ အက်ပလီကေးရှင်း သို့မဟုတ် ဝက်(ဘ်)ဆိုက် ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန် နှင့် သင့်အား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုကို ပေးဆောင်ရန် အတွက် IP လိပ်စာ၊ တည်နေရာ၊ စက်ပစ္စည်းသတ်မှတ်ချက်များ၊ website browser အချက်အလက်များ (browser အမျိုးအစား၊ ရှာဖွေမှုမှတ်တမ်း၊ စာမျက်နှာကြည့်ရှုမှုစာရင်းဇယားအပါအဝင်၊ အသုံးပြုမှုအချက်အလက်၊ cookies နှင့် မှတ်တမ်းဒေတာနှင့် အခြားခြေရာခံခြင်းကဲ့သို့သော နည်းပညာများပါဝင်သည်အထက်ဖော်ပြပါ နည်းအချက်အလက်အချို့ကို အက်ပလီကေးရှင်း သို့မဟုတ် ဝက်(ဘ်)ဆိုက်မှ အလိုအလျောက်စုဆောင်းမည်ဖြစ်သည်။

.၅။ သင်သည် သင်၏ချက်အလက်များကို စုဆောင်းရန် ကျွန်ုပ်တို့အား ခွင့်ပြုချက်ပေးထားသည့် သဘောတူညီချက်ကို ရုပ်သိမ်းနိုင်သည်၊ ယင်းအခြေအနေတွင် ကျွန်ုပ်တို့သည် သင့်ဒေတာကို စုဆောင်းခြင်း သို့မဟုတ် အသုံးပြုခြင်းမှ ရပ်စဲပါမည်။ ရလဒ်အနေဖြင့် သင်သည် ဝန်ဆောင်မှုများ သို့မဟုတ် အက်ပလီကေးရှင်း သို့မဟုတ် ဝက်(ဘ်)ဆိုက်သို့ ဝင်ရောက်သုံးစွဲခွင့်ကို လုံးဝ မရရှိတော့ပါ သို့မဟုတ် အကန့်အသတ်ဖြင့်သာ ဝင်ရောက်ခွင့်ရှိနိုင်မည်။

၃။ ကိုယ်ရေးအချက်အလက်များအား အသုံးပြုခြင်း

.၁။ ကျွန်ုပ်တို့သည် သင်၏ကိုယ်ရေးကိုယ်တာ အချက်အလက်များ/ဒေတာများကို -

(ကအတည်ပြုခြင်း၊ အသုံးပြုသူ ပရိုဖိုင်း ပြုလုပ်ခြင်းနှင့် စီမံခန့်ခွဲခြင်း

(ဝန်‌ဆောင်မှုများ ပေးဆောင်ခြင်း၊ ထိန်းသိမ်းခြင်း နှင့် မြှင့်တင်ခြင်း

(သုံးစွဲသူများ တောင်းဆိုသည့် ဝန်ဆောင်မှုများ၊ ထုတ်ကုန်များ သို့မဟုတ် အချက်အလက်များ ပေးဆောင်ရန် နှင့် အကြောင်းကြားချက်များ၊ အတည်ပြုချက်များကဲ့သို့သော ဆက်စပ်အချက်အလက်များကို သင့်ထံပေးပို့ရန်၊

(နည်းပညာဆိုင်ရာ သတိပေးချက်များ၊ မွမ်းမံပြင်ဆင်ခြင်းများ၊ လုံခြုံရေးသတိပေးချက်များ၊ ပံ့ပိုးကူညီမှုနှင့် စီမံခန့်ခွဲရေးဆိုင်ရာ အကြောင်းကြားစာများ ပေးပို့ရန်၊

(သင်၏ အီးမေးလ်ထံသို့၊ တင်ပြချက်များ၊ မှတ်ချက်များ၊ မေးခွန်းများနှင့် တောင်းဆိုချက်များကို ဖြေကြားရန်နှင့် ဝန်ဆောင်မှုများကို ပံ့ပိုးဆောင်ရွက်ပေးရန်၊

(ကျွန်ုပ်တို့၏ အက်ပလီကေးရှင်း သို့မဟုတ် ဝက်(ဘ်)ဆိုက်နှင့် ဝန်ဆောင်မှုများကို သင့်အသုံးပြုနေမှုကို စိစစ်ရန်၊

(သင်၏ စိတ်ကြိုက် ရွေးချယ်မှုများအပေါ်အခြေခံ၍ ဝက်(ဘ်)ဆိုက်ကို မိမိစိတ်တိုင်းကျ ပြုပြင်ရန်၊

(သင့်အား စိတ်ဝင်စားလိမ့်မည်ဟု ကျွန်ုပ်တို့ ထင်မြင်သည့် အမျိုးမျိုးသော ကမ်ပိန်းများ၊ ပါဝင်သူများ၊ ဖြစ်ရပ်များ၊ အဖြစ်အပျက်များ၊ အရင်းအမြစ်များ၊ ပရိုမိုးရှင်းများ၊ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် သတင်းအချက်အလက်များကို သင့်ထံအသိပေးရန်၊

(သင်စိတ်ဝင်စားမည်ပြီး အကျိုးရှိမည်ဟု ကျွန်ုပ်တို့ထင်မြင်သည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို မြှင့်တင်ရန်၊

(တည်ဆဲဥပဒေများနှင့် စည်းမျဥ်းစည်းကမ်းများနှင့် အညီ ဥပဒေဆိုင်ရာ အခွင့်အရေးများကို ကျင့်သုံးရန်၊

(အကောင့်အား အလွဲသုံးစားပြုခြင်း၊ ငွေကြေးခဝါချမှု၊ ငွေကြေးလိမ်လည်မှုများ နှင့် အခြားသော တရားမဝင်မှုများ နှင့် ထိခိုက်နစ်နာစေသော အန္တရာယ်များကို စီမံခန့်ခွဲရန် နှင့် တားဆီးရန်၊

(ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအသုံးပြုခြင်းနှင့် ပတ်သက်၍ မှတ်ချက တောင်းခံရန်နှင့် သင့်အား ဆက်သွယ်ရန်။

.၂။ ကျွန်ုပ်တို့သည် သင်၏ကိုယ်‌ရေးကိုယ်တာအချက်အလက်များကို အောက်ဖော်ပြပါ ကိစ္စရပ်များအတွက် အောက်ဖော်ပြပါပုဂ္ဂိုလ်များထံသို့ ဖော်ထုတ်နိုင်ပါသည်။

(ကတည်ဆဲဥပဒေများ၊ စည်းမျဥ်းများ သို့မဟုတ် ကုန်သွယ်မှုဆိုင်ရာသဘောတူညီချက် တစ်ခုခု၏ လိုအပ်ချက်အရ တည်ဆဲဥပဒေအဖွဲ့အစည်းများ၊ အစိုးရနှင့်အာဏာပိုင်များ သို့မဟုတ် အခြားအာဏာပိုင်အဖွဲ့အစည်းများ၊

(ကျွန်ုပ်တို့၏ ဥပဒေအရ အခွင့်အရေးများကို ကျင့်သုံးခြင်း သို့မဟုတ် ကာကွယ်ခြင်းအတွက် ကျွန်ုပ်တို့၏ ဥပဒေအကြံပေးများနှင့် အခြားသော ကျွမ်းကျင်သော အကြံပေးပုဂ္ဂိုလ်များ၊

(တစ်စုံတစ်ဦးအား သို့မဟုတ် ကော်ပိုရိတ်အဖွဲ့အစည်းအား အသက်အန္တရာယ်၊ ကျန်းမာရေး သို့မဟုတ် လုံခြုံမှုကို ခြိမ်းခြောက်မှုအား တားဆီးရန်၊ ကိုယ်ရေးကိုယ်တာနှင့် ဉာဏပစ္စည်းဆိုင်ရာပိုင်ဆိုင်မှုများကို လိမ်လည်မှု၊ ချိုးဖောက်မှုများကဲ့သို့သော ဥပဒေမဲ့လုပ်ဆောင်မှုများကို စုံစမ်းစစ်ဆေးရန်အတွက် ကိုယ်ရေးကိုယ်တာ အချက်အလက်များ လိုအပ်ပါက သဘောရိုးဖြင့်ဖော်ထုတ်ရန်၊

(လုပ်ငန်းအတွင်း အုပ်ချုပ်မှုနှင့် လုပ်ငန်းလည်ပတ်မှုအတွက် လုံခြုံရေးဆိုင်ရာမူဝါဒနှင့်အညီ ပေးအပ်ထားသည့် အချက်အလက်များကို လွတ်လပ်စွာအသုံးပြုခွင့်မရှိသော ကျွန်ုပ်တို့၏ကိုယ်စား ဆောင်ရွက်နေသော ကျွန်ုပ်တို့၏ ဝန်ဆောင်မှုပေးသူများ၊ ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ဖော်ကိုင်ဖက်များနှင့် ပူပေါင်းလုပ်ဆောင်သူများ>

.၃။ သင်သည် ကျွန်ုပ်တို့အား အပိုဒ် ၃.၂ တွင်ဖော်ချက်များအတွက် ကျွန်ုပ်တို့၏အချက်အလက်များကို ထုတ်ဖော်ရန် အက်ပလီကေးရှင်း သို့မဟုတ် ဝက်(ဘ်)ဆိုက်ကို အသုံးပြုခြင်းဖြင့် သဘောတူညီချက်ပေးအပ်ပါသည်။


၄။ သင့်အချက်အလက်ကို ကျွန်ုပ်တို့ စီမံခန့်ခွဲပုံ – အသုံးပြုသူ အချက်အလက်များ အကာအကွယ်ပေးခြင်း

.၁။ ကျွန်ုပ်တို့ထံတင်ပြထားသော ကိုယ်ရေးကိုယ်တာအချက်အလက်များ၏ လုံခြုံရေး၊ လျှို့ဝှက်ချက်များနှင့် စုဆောင်းထားမှုကို ကာကွယ်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာ၊ အီလက်ထရွန်းနစ်နှင့် အခြားသော လုံခြုံရေးဆိုင်ရာ အစီအမံများစွာကို ကျွန်ုပ်တို့ အသုံးပြုပါသည်။ သို့ရာတွင်၊ အင်တာနက်မှတဆင့် သို့မဟုတ် မိုဘိုင်းစက်ပစ္စည်းမှတဆင့် သို့မဟုတ် အီလက်ထရွန်နစ် သိုလှောင်မှုနည်းလမ်းသည် ၁၀၀လုံခြုံမှုမရှိနိုင်ပါ။ ထို့ကြောင့်၊ ကျွန်ုပ်တို့သည် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကာကွယ်ရန်အတွက် ဈေးကွက်တွင်ရှိနည်းလမ်းများကို အသုံးပြုရန် ကြိုးပမ်းနေသော်လည်း၊ ကျွန်ုပ်တို့သည် ၎င်း၏ လုံခြုံရေးကို အပြည့်အဝ အာမခံနိုင်မည်မဟုတ်ပေ။ အင်တာနက်၏ သဘောသဘာဝအရ၊ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်များအတွက် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကာကွယ်ရန် လုပ်ငန်းများလုပ်ဆောင်ရာတွင် ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်း၊ ဥပဒေမဲ့ ဝင်ရောက်ခြင်း သို့မဟုတ် ကိုယ်ရေးကိုယ်တာအချက်အလက်များ ဆုံးရှုံးခြင်းများအတွက် ကျွန်ုပ်တို့ တာဝန်မယူနိုင်ပါ။

.၂။ သင်မတောင်းဆိုခြင်းမပြုသည့် မက်ဆေ့ချ်များ သို့မဟုတ် အချက်အလက်များကို ပေးပို့ရန် ရည်ရွယ်ချက်ဖြင့် သင်၏ အီးမေးလ်လိပ်စာ သို့မဟုတ် အခြားအချက်အလက်များကို အသုံးပြုမည်မဟုတ်သလို ယင်းကိုအသုံးပြုရန်အတွက် ပြင်ပအဖွဲ့အစည်းနှင့် မျှဝေခြင်း သို့မဟုတ် ရောင်းချခြင်းများ ပြုလုပ်မည်မဟုတ်ပါ။

၅။ အချက်အလက်များထိန်းသိမ်းထားခြင်း နှင့် အကောင့်ဖျက်သိမ်းခြင်း

.၁။ သင်၏ အကောင့်ကို ရပ်စဲပြီးနောက်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏စနစ်မှ သင်၏သုံးစွဲသူပရိုဖိုင်ကို ဖယ်ရှားပါမည်။ သို့ရာတွင်၊ ဤကိုယ်ရေးအချက်အလက်လုံခြုံရေးဆိုင်ရာမူဝါဒအောက်တွင် ဖော်ပြထားသော ရည်ရွယ်ချက်များအတွက် ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် ဒေတာများကို ဥပဒေအရ တားမြစ်ထားခြင်းမရှိပါက ထိန်းသိမ်းထားပါမည်။

.၂။ အသုံးပြုသူ၏ အချက်အလက်နှင့် ဒေတာများကို (နှစ် သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသည့် သီးခြားကြာချိန်တစ်ခုခုအထိ သိမ်းဆည်းထားရမည်။

.၃။ ကျွန်ုပ်တို့သည် သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များ/ဒေတာများကို သင်အသုံးပြုနေသမျှကာလပတ်လုံး သင့်လျော်သောအချိန်တစ်ခုအထိ ကျွန်ုပ်တို့ ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။

၆။ ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံရေးဆိုင်ရာမူဝါဒအား ပြောင်းလဲပြင်ဆင်ခြင်း

.၁။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် ဤ ကိုယ်ရေးအချက်အလက် လုံခြုံရေးဆိုင်ရာ မူဝါဒကို အချိန်မရွေး ပြန်လည်ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း မဟုတ် မွမ်းမံပြင်ဆင်ခြင်း လုပ်နိုင်ပါသည်။ ကျွန်ုပ်တို့မှ ပြင်ဆင်ချက်၊ ပြောင်းလဲချက်၊ မွမ်းမံချက်ကို ကြေညာလိုက်သည့်အခါတွင် ထိုသို့ပြောင်းလဲပြင်ဆင်ခြင်းများသည် ချက်ချင်း အသက်ဝင်မည်ဖြစ်ပြီး၊ ထိုသို့ ပြန်လည်ပြင်ဆင်ခြင်း၊ ပြောင်းလဲမှု၊ ပြုပြင်မွမ်းမံခြင်း သို့မဟုတ် မွမ်းမံပြင်ဆင်ခြင်း ပြုပြီးနောက် သင်သည် အက်ပလီကေးရှင်း သို့မဟုတ် ဝက်(ဘ်)ဆိုက် ကို အသုံးပြုပါက၊ သင်သည် အဆိုပါ ပြန်လည်ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း၊ ပြုပြင်မွမ်းမံခြင်း သို့မဟုတ် မွမ်းမံပြင်ဆင်ခြင်းဆိုင်ရာ ကိုယ်ရေးကိုယ်တာမူဝါဒကို သင်လက်ခံခြင်း ဖြစ်လိမ့်မည်။ သို့သော် ပေးအပ်ထားသော၊ ကိုယ်ရေးအချက်အလက်လုံခြုံရေးဆိုင်ရာမူဝါဒတွင် ပြောင်းလဲမှုတစ်စုံတစ်ရာရှိပါက၊ အဆိုပါ ပြောင်းလဲမှုနှင့်ပတ်သက်၍ ဝက်ဘ်ဆိုက်ရှိ ပင်မစာမျက်နှာမှသော်လည်းကောင်း အက်ပလီကေးရှင်း ၏ အဝင် စာမျက်နှာ၊ အီးမေးလ်အကြောင်းကြားစာ သို့မဟုတ် အခြားနည်းလမ်းဖြင့် အကြောင်းကြားရန် ကျိုးကြောင်းဆီလျော်သော အဆင့်များကို လုပ်ဆောင်ပါမည်။

၇။ ဆက်သွယ်ရန်လိပ်စာ

.၁။ ဤကိုယ်ရေးအချက်အလက်လုံခြုံရေးဆိုင်ရာမူဝါဒနှင့်ပတ်သက်သည့် မေးခွန်းများရှိပါက သို့မဟုတ် နောက်ထပ်မေးမြန်းမှုများ ရှိပါက သို့မဟုတ် သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့်စပ်လျဉ်း၍ တိုင်ကြားမှု တစ်စုံတစ်ခု သို့မဟုတ် ဒေတာဝင်ရောက်ခွင့် သို့မဟုတ် ပြုပြင်မှုတောင်းဆိုလိုပါက ကျွန်ုပ်တို့၏ ဝန်ဆောင်မှုမေးလ် [email protected] မှတစ်ဆင့် ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်။