MyDemocracy School ၏ အသုံးပြုသူ စည်းမျဉ်းများ

အောက်ပါ အသုံးပြုသူစည်းမျဉ်းများ ("စည်းမျဉ်းများ"သည် MyDemocracy School အက်ပလီကေးရှင်း ကို ဖန်တီးထားသော Netherlands Institute for Multiparty Democracy “NIMD”, ("ကျွန်ုပ်တို့"NIMD”) နှင့်အတူ၊ MyDemocracy School တွင်ရရှိနိုင်သော သင်တန်းများ၊ သင်ကြားမှုအထောက်အကူပြုပစ္စည်းများနှင့် သင် (“အသုံးပြုသူသင်”သင့်”၏အကြားတွင်ရှိသော သဘောတူစာချုပ်မြောက်သည်။ ထို့ကြောင့် သင့် အနေဖြင့် အောက်ပါ စည်းမျဉ်းများကို ဂရုတစိုက် ဖတ်ရှုပေးရန်လိုအပ်ပါသည်။

ကျွန်ုပ်တို့ ၏ အက်ပလီကေးရှင်း (သို့မဟုတ်ဝက်(ဘ်)ဆိုက် (သို့မဟုတ်ကျွန်ုပ်တို့ ၏ ဝန်ဆောင်မှု တစ်ရပ်ရပ်တွင် အသုံးပြုရန် စာရင်းပေးသွင်းခြင်းဖြင့် သင် သည် ယခုဖော်ပြထားသော စည်းမျဉ်းများ ကို နားလည်ပြီး လိုက်နာရန် သဘောတူပါသည်။

၁။ အဓိပ္ပာယ်ဖွင့်ဆိုချက်များ

အကောင့် (သို့မဟုတ်အကောင့်များ” ဆိုသည်မှာ ကျွန်ုပ်တို့ ၏ ဝန်ဆောင်မှုပလက်ဖောင်း ပေါ်ရှိ ဝန်ဆောင်မှု များ ရယူအသုံးပြုရန်အတွက် ကျွန်ုပ်တို့ ထံတွင် စာရင်းပေးသွင်းရာမှ ရရှိလာသော အသုံးပြုရန် အကောင့် ကိုဆိုလိုသည်။

အက်ပလီကေးရှင်း” ဆိုသည်မှာ NIMD မှဖန်တီးထားသော MyDemocracy School ကိုဆိုလိုသည်။

အကြောင်းအရာ” ဆိုသည်မှာ ရုပ်ပုံဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အခြားသော တစ်နည်းနည်းဖြင့်ဖြစ်စေ ဖော်ပြထားပြီး၊ ကျွန်ုပ်တို့ ၏ ဝန်ဆောင်မှုပလက်ဖောင်းပေါ်တွင် အသုံးပြုလေ့လာနိုင်ရန် သင်ကိုယ်တိုင်က တင်ထားပေးသော (သို့မဟုတ်သင်အသုံးပြုနိုင်လေ့လာနိုင်ရန် ပုံစံတမျိုးမျိုးဖြင့် တည်ရှိနေသော အကြောင်းအရာကို ဆိုလိုသည်။

အကြောင်းအရာ ပံ့ပိုးသူ (သို့မဟုတ်အကြောင်းအရာ ပံ့ပိုးသူများ” ဆိုသည်မှာ ကျွန်ုပ်တို့ ၏ ဝန်ဆောင်မှုပလက်ဖောင်းပေါ်တွင် တည်ရှိနေသော အထက်ပါအတိုင်းဖွင့်ဆိုထားသည့် အကြောင်းအရာ ကို ဖန်တီးထုတ်လုပ်သူ လူပုဂ္ဂိုလ် (သို့မဟုတ်အဖွဲ့အစည်း ကိုဆိုလိုသည်။ အကြောင်းအရာ ဆိုရာတွင် အများပြည်သူလေ့လာနိုင်ရန် ဖန်တီးထားသော အထောက်ကူပြုပစ္စည်းများ၊ ပုံနိုပ်ထုတ်ဝေမှုများ နှင့် သင်တန်းအစီအစဉ်များ အစရှိသည်တို့ ပါဝင်သည်။

ဝက်(ဘ်)ဆိုက်” ဆိုသည်မှာ အက်ပလီကေးရှင်း ၏ ဝက်(ဘ်)ဆိုက်ဖြစ်သော https://mydemocracyschool.com ကိုဆိုလိုခြင်းဖြစ်ပြီး၊ ၎င်းသည် အချိန်နှင့်အမျှပြောင်းလဲ နိုင်ပါသည်။

ကိုယ်ရေးအချက်အလက်လုံခြုံရေးဆိုင်ရာမူဝါဒ” ဆိုသည်မှာ ဤ စည်းမျဉ်းများနှင့် တစ်တွဲတည်းဖော်ပြထားသော အက်ပလီကေးရှင်း ၏ ကိုယ်ရေးအချက်အလက် လုံခြုံရေးဆိုင်ရာ မူဝါဒ ကို ဆိုလိုသည်။

ဝန်ဆောင်မှု” ဆိုသည်မှာ NIMD မှ ပံ့ပိုးထားသော ထုတ်ဝေမှုများအားလုံးနှင့် ပညာရေးအထောက်အပံ့ပေးသည့် အစီအစဉ်များ အားရည်ညွှန်းပြီး၊ ၎င်းတို့တွင် အက်ပလီကေးရှင်း နှင့် ဝက်(ဘ်)ဆိုက် ပေါ်တွင်ရှိသော လေ့ကျင့်ရေးအစီအစဉ်များ၊ သင်တန်းများ၊ လုပ်ဆောင်ချက်များ နှင့် တီထွင်ချက်များ အားလုံးပါဝင်သည်။

၂။ လိုက်နာရန်သဘောတူခြင်း

.၁။ ကျွန်ုပ်တို့ ၏ အက်ပလီကေးရှင်း (သို့မဟုတ်ဝက်(ဘ်)ဆိုက် ကိုအသုံးပြုခြင်းဖြင့် အသုံးပြုသူ သည် ဤ အသုံးပြုသူစည်းမျဉ်းများ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံရေးဆိုင်ရာမူဝါဒ ကို ဖတ်ရှု၊နားလည်သိရှိပြီး ဖြစ်၍ လိုက်နာရန် သဘောတူပါသည်။ တဆက်တည်းတွင် ဤ စည်းမျဉ်းများ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံရေးဆိုင်ရာမူဝါဒ ကို လက်ခံနိုင်ခြင်းမရှိပါက အသုံးပြုသူ သည် ကျွန်ုပ်တို့  အက်ပလီကေးရှင်း၊ ဝက်(ဘ်)ဆိုက် အပါအဝင် ၎င်းတို့မှ ရယူနိုင်သော အကြောင်းအရာ နှင့် အချက်အလက်များကို မသုံးစွဲရပါ။

၃။ အကောင့် စာရင်းပေးသွင်းခြင်း နှင့် စီမံခန့်ခွဲခြင်း

.၁။ အက်ပလီကေးရှင်း တွင်ရရှိနိုင်သော လုပ်ငန်းအချို့ကိုဆောင်ရွက်ရန်အတွက် သင် သည် အကောင့်တစ်ခု ဖွင့်ထားရန်လိုအပ်သည်။ အကောင့်ဖွင့်ရန်အတွက် သင့် အနေဖြင့် သင် ၏ (အမည်၊ (မွေးသက္ကရာဇ်၊ (လက်ရှိနေထိုင်သည့်ပြည်နယ်/တိုင်းဒေသကြီး နှင့်၊ (ကျွန်ုပ်တို့ ထံတွင် ယခင်က တက်ရောက်ခဲ့ဖူးသော သင်တန်းအစီအစဉ်များ ကို ဖော်ပြရန်လိုအပ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် အချိန်နှင့်တပြေးညီ တိကျမှန်ကန်သော အချက်အလက်များ ကိုသာ ဖော်ပြရမည်။ အကောင့်ဖွင့်ပြီးသည်နှင့် တစ်ပြိုင်နက် ကျွန်ုပ်တို့ ဘက်မှ အသုံးပြုသူသက်သေခံအမှတ် (User ID) တစ်ခုထုတ်ပေးသွားမည်ဖြစ်သည်။

.၂။ သင် သည် သင် ၏အကောင့်အပေါ်တွင် အလုံးစုံတာဝန်ရှိသည်။ အခြားသူတစ်ဦးဦးမှ သင်၏ ခွင့်ပြုချက်မရှိဘဲ သင့် အကောင့်ကိုအသုံးပြုရာမှ အပျက်အစီးထိခိုက်မှုများသည် သင်၏ တာဝန်သာဖြစ်သည်။ သို့ဖြစ်၍ သင့်အကောင့်၏ စကားဝှက် (password) ကို အခြားသူတစ်ဦးဦးထံသို့ လွှဲပြောင်းပေးခြင်း (သို့မဟုတ်အခြားသူတစ်ဦးဦး၏ အကောင့်ကို အသုံးပြုခြင်းများကို ရှောင်ကြဉ်ရမည်။

.၃။ အကယ်၍ သင့်အနေဖြင့် သင်၏အကောင့်အား အခြားသူတစ်ဦးဦးက ယူ၍ အသုံးပြုနေသည်ဟု သိရှိရပါက (သို့မဟုတ်သင်၏ လုံခြုံရေးချိုးဖောက်ခံနေရသည်ဟု သံသယရှိပါက ကျွန်ုပ်တို့ ထံချက်ချင်းအကြောင်းကြားရမည်။

၄။ ဝန်ဆောင်မှုနှုန်းထား

.၁။ MyDemocracy School အက်ပလီကေးရှင်း မှာ အခမဲ့ ဝင်ရောက်အသုံးပြုနိုင်သော အက်ပလီကေးရှင်း ဖြစ်ပြီး၊ သင့်အနေဖြင့် သင်၏ ကိုယ်ပိုင် အင်တာနက် (သို့မဟုတ်တယ်လီဖုန်း ဝန်ဆောင်ခ ကိုသာပေးဆောင်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့ ထံတွင် အသုံးပြုရန်စာရင်းသွင်းခြင်း၊ ဝန်ဆောင်မှု တစ်ခုခုအတွက်အသင်းဝင်ခြင်းများအတွက် ကျွန်ုပ်တို့ ဘက်မှ မည်သည့်အခကြေးငွေမျှ ကောက်ခံသွားမည်မဟုတ်ပါ။

၅။ အပြုအမူဆိုင်ရာ စည်းမျည်းများ

.၁။ သင်သည် အက်ပလီကေးရှင်း (သို့မဟုတ်ဝက်(ဘ်)ဆိုက် အား ထိခိုက်နစ်နာစေရန် ရည်ရွယ်ပြီး မှားယွင်းစွာ အသုံးမပြုရပါ။

.၂။ ကျွန်ုပ်တို့ သည် အများပြည်သူအကျိုးအတွက် ထင်မြင်သုံးသပ်ချက်များ၊ မှတ်ချက်များ ပေးခြင်းကို ကြိုဆိုသွားမည်ဖြစ်သည်။ သို့ရာတွင် အခြားပုဂ္ဂိုလ်တစ်ဦးဦးအား ထိခိုက်စေနိုင်သော၊ မလျော်ကန်သော အကြောင်းအရာများကို ခွင့်ပြုမည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှု ပလက်ဖောင်းတွင် တင်ထားသော မလျော်ကန်သည့် အကြောင်းအရာများကို ကျွန်ုပ်တို့တွင် ဖယ်ရှားခွင့် ရှိသည်။

.၃။ မသင့်လျော်သော (သို့မဟုတ်မရိုးဖြောင့်သော (သို့မဟုတ်တရားမဝင်သော နည်းလမ်းများဖြင့် ကျွန်ုပ်တို့ ၏ ဝန်ဆောင်မှုများအား အသုံးပြုနေခြင်းကို သိရှိရပါက အကြောင်းကြားခြင်းဖြင့်ဖြစ်စေ၊ အကြောင်းမကြားဘဲဖြစ်စေ သင့်အား ဝန်ဆောင်မှု အသုံးပြုခွင့်ကို ရပ်စဲနိုင်သည်။

.၄။ သင့်၏ အကောင့် (သို့မဟုတ်အသုံးပြုခွင့်အား ကျွန်ုပ်တို့ ဘက်မှ မတော်တဆ (သို့မဟုတ်မှားယွင်းစွား ဖျက်သိမ်းမိသည်ဟု ယုံကြည်ပါက ကျွန်ုပ်တို့ အား ဆက်သွယ်၍ အက်ပလီကေးရှင်း အသုံးပြုခွင့် ပြန်ပေးရန် တောင်းဆိုနိုင်သည်။

.၅။ ကျွန်ုပ်တို့ သည် အက်ပလီကေးရှင်း (သို့မဟုတ်ဝက်(ဘ်)ဆိုက် ရှိ အသုံးပြုသူများ ၏ လုပ်ရပ်များအတွက် တာဝန်မရှိပါ။

၆။ အကျုံးဝင်ခြင်း

.၁။ ကျွန်ုပ်တို့ ၏ အက်ပလီကေးရှင်း (သို့မဟုတ်ဝက်(ဘ်)ဆိုက် သည် မြန်မာနိုင်ငံတွင် နေထိုင်လျက်ရှိသူများနှင့် အနီးစပ်ဆုံးသက်ဆိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ အနေဖြင့် အက်ပလီကေးရှင်း (သို့မဟုတ်ဝက်(ဘ်)ဆိုက် အပေါ်တွင်ရရှိနိုင်သော အကြောင်းအရာ များသည် အခြားသော နေရပ်ဒေသများအတွက် လျော်ညီမှုရှိခြင်း၊ မရှိခြင်းကို အာမခံနိုင်ခြင်းမရှိပါ။

၇။ ပညာရပ်ဆိုင်ရာ ပြီးမြောက်ကြောင်းမှတ်တမ်း မပေးခြင်း

.၁။ ပြီးမြောက်ကြောင်း မှတ်တမ်းပေးမည်ဟူ၍ အတိအလင်း ကြေညာထားသော အခြေအနေများမှ အပ ကျွန်ုပ်တို့ အနေဖြင့် မည်သည့်သင်တန်း (သို့မဟုတ်အစီအစဉ်ပြီးမြောက်ခြင်းအတွက်မျှ မှတ်တမ်းပေးအပ်သွားမည် မဟုတ်ပါ။ အကယ်၍ ပြီးမြောက်ကြောင်း မှတ်တမ်းပေးအပ်သည် ရှိခဲ့လျှင်လည်း အဆိုပါ မှတ်တမ်း ၏ခိုင်လုံမှု နှင့် အကျုံးဝင်မှု၊ အခြားသော ပညာရေးအဖွဲ့အစည်းများ၊ တက္ကသိုလ်များ ၏ အဆိုပါ မှတ်တမ်းအပေါ်တွင် လက်ခံနိုင်စွမ်း နှင့်စပ်လျဉ်း၍ အာမမခံနိုင်ပါ။

.၂။ MyDemocracy School အပါအဝင် အကြောင်းအရာပံ့ပိုးသူများ သည် မည်သည့်သင်တန်း (သို့မဟုတ်အစီအစဉ် ပြီးမြောက်ခြင်းအား အခြားသော အဖွဲ့အစည်းများ၊ တက္ကသိုလ်များ အသိအမှတ်ပြုပေးရန်အတွက် ဆောင်ရွက်ရန် တာဝန်မရှိပါ။

၈။ အကြောင်းအရာ ပိုင်ဆိုင်မှု

.၁။ ကျွန်ုပ်တို့ ၏ အက်ပလီကေးရှင်း ကို အသုံးပြုခြင်းဖြင့် သင့်အနေဖြင့် ထုတ်ဝေမှုများ၊ အသွင်အပြင်များ နှင့် သင်ကြားမှု အထောက်အကူပစ္စည်းများ ကို ရယူနိုင်မည်ဖြစ်သည်။ ၎င်းတို့အားလုံးမှာ မူလ အကြောင်းအရာပံ့ပိုးသူ ၏ သဘောတူညီချက်ဖြင့် ဝန်ဆောင်မှုပလက်ဖောင်းပေါ်တွင် တည်ရှိနေခြင်းဖြစ်သည်။ ကျွန်ုပ်တို့ အနေဖြင့် အဆိုပါ အကြောင်းအရာများ အား ဝန်ဆောင်မှုပလက်ဖောင်းပေါ်တွင် ပြန်လည်မျှဝေပေးရန် အခွင့်အရေး ရှိသည့်တိုင်အောင် အကြောင်းအရာပံ့ပိုးသူ ၏ အမည်အား မှတ်တမ်းတင် ဖော်ပြပေးသွားမည်ဖြစ်ပြီး၊ အကြောင်းအရာပံ့ပိုးသူ အနေဖြင့် ယင်းဖန်တီးထားသောအကြောင်းအရာ အပေါ်ရှိ ပိုင်ဆိုင်မှုအခွင့်အရေး ကို ဆုံးရှုံးသွားမည် မဟုတ်ပါ။

.၂။ ကျွန်ုပ်တို့ အနေဖြင့် NIMD ၏ အမည်ဖြင့် NIMD မှ ဖန်တီးထားသော အကြောင်းအရာ မဟုတ်သည့် မည်သည့် ဝန်ဆောင်မှုပလက်ဖောင်းပေါ်တွင်ရရှိနိုင်သော အကြောင်းအရာများကို မျှ အကဲဖြတ်စိစစ်ထားခြင်း၊ ပြုပြင်ထားခြင်းမရှိပါ။ ထို့ကြောင့် ၎င်းတို့၏ ယုံကြည်စိတ်ချနိုင်မှု၊ တရားဝင်ဖြစ်မှု၊ တိကျမှုနှင့် မှန်ကန်မှုတို့အား အာမခံ နိုင်ခြင်းမရှိပါ။

၉။ လုံခြုံမှု

.၁။ ကျွန်ုပ်တို့ သည် အသုံးပြုသူများ အားလုံး၏ လုံခြုံမှုအတွက် အထူးအရေးပေးဆောင်ရွက်လျက်ရှိသည်။ သို့ရာတွင် ခွင့်ပြုချက်မရှိဘဲ ကျွန်ုပ်တို့ ၏လုံခြုံမှုစနစ်အား ချိုးဖောက်ဝင်ရောက်လာသော တတိယလူပုဂ္ဂိုလ်များ ၏ မမှန်မကန် ဆောင်ရွက်ချက်များအတွက် အာမခံနိုင်မည် မဟုတ်ပါ။ အသေးစိတ်သိရှိလိုပါက ကျွန်ုပ်တို့ ၏ ကိုယ်ရေးအချက်အလက် လုံခြုံရေးဆိုင်ရာ မူဝါဒ ကို လေ့လာနိုင်ပါသည်။

၁၀။ သက်ဆိုင်သည့် ဥပဒေ

၁၀.၁။ ယခု ဝန်ဆောင်မှုများကို ထောက်ပံ့ထားသည်မှာ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဒ်မြို့ တွင် အခြေစိုက်တည်ရှိသော NIMD မှဖြစ်သည်။ ထို့ကြောင့် အသုံးပြုသူများသည် ဤ စည်းမျဉ်းများပါ အချက်အလက်များအားလုံးကို နယ်သာလန်နိုင်ငံ၏ တည်ဆဲဥပဒေများက လွှမ်းမိုးစေရန် သဘောတူသည်။

၁၀.၂။ သို့သော် အထက်ပါ စည်းမျဉ်းသည် သင့် အား သင်တည်ရှိလျက်ရှိသော နိုင်ငံမှ ကာကွယ်ပေးထားသည့် သုံးစွဲသူကာကွယ်ရေးဥပဒေ မှ ရထိုက်သော အကာအကွယ်၊ အခွင့်အရေးများကို တားမြစ်ခြင်း မရှိစေပါ။

၁၁။ အငြင်းပွားမှု ဖြေရှင်းခြင်း

၁၁.၁။ အကယ်၍ ဤ စည်းမျဉ်းများ နှင့် စပ်လျဉ်း၍ အငြင်းပွားမူ ပေါ်ပေါက်လာပါက ထိုအငြင်းပွားမူကို စေ့စပ်ညှိနှိုင်းခြင်းနည်းဖြင့် အငြင်းပွားမှု အကြောင်းကြားစာ ရရှိသည့်နေ့မှ (၁၄ရက်အတွင်း ငြိမ်းချမ်းစွာ ဖြေရှင်းရမည်။ ထိုသို့ ငြိမ်းချမ်းစွာ ဖြေရှင်းရာ၌ မကျေအေးကြလျှင် နယ်သာလန်နိုင်ငံရှိ စီရင်ပိုင်ခွင့်ရှိသော တရားရုံးထံတွင် ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်သည်။

၁၂။ အထွေထွေ

၁၂.၁။ ကိုယ်ရေးအချက်အလက်လုံခြုံရေးဆိုင်ရာမူဝါဒ နှင့် EULA အပါအဝင် ဤစည်းမျဉ်းများအားလုံး နှင့် NIMD မှ ထုတ်ဝေထားသော ဝန်ဆောင်မှု နှင့် စပ်လျဉ်းသည့် ဥပ‌ဒေဆိုင်ရာအသိပေးချက်များ အားလုံးသည် သင် နှင့် NIMD အကြားရှိ သဘောတူညီချက်အဖြစ် အကျုံးဝင်သည်။

၁၂.၂။ စည်းမျဉ်းများပါ အပိုဒ်တစ်ပိုဒ်ပိုဒ် သည် ဥပဒေအရပျက်ပြယ်ပါက အဆိုပါပျက်ပြယ်သည့်အပိုင်းအား အပိုဒ်အား ဥပဒေအရ စည်းနှောင်းအားရှိသည့် အပိုဒ်အဖြစ်ပြင်ဆင်ရေးသားသွားရမည်ဖြစ်ပြီး၊ ကျန်ရှိနေသောအပိုဒ်များ နှင့် ဤသဘောတူစာချုပ်မှာ ဥပဒေအရဆက်လက်၍ အကျိုးသက်ရောက်မှုရှိနေမည်ဖြစ်သည်။ သင့်အနေဖြင့် ဤ စည်းမျဉ်းများကို ချိုးဖောက်လျက်ရှိ (သို့မဟုတ်ချိုးဖောက်ခဲ့ပြီး ကျွန်ုပ်တို့ ဘက်မှ ၎င်းနှင့်ပတ်သက်၍ ချက်ချင်းအ‌ရေးယူဆောင်ရွက်ခြင်းမပြုခြင်းသည် ကျွန်ုပ်တို့ ဘက်မှ သင့်အား အရေးယူရန်အခွင့်အရေးကို စွန့်လွတ်သည်ဟု မကောက်ယူနိုင်ဘဲ၊ ကျွန်ုပ်တို့ အနေဖြင့် နောင်တစ်ချိန်တွင် အဆိုပါချိုးဖောက်မှုအတွက်အရေးယူနိုင်သည်။

၁၂.၃။ NIMD (သို့မဟုတ်အသုံးပြုသူ သည် သာမန်လူသားတစ်ဦးအနေဖြင့် ကြိုတင်တွက်ချက် ခန့်မှန်းနိုင်မှုမရှိသောဖြစ်ရပ်များ၊ စစ်ပွဲများ၊ လက်နက်ကိုင်ဆောင်တော်လှန်ခြင်းများ၊ သူပုန်ထမှုများ၊ အဓိကရုန်းများ၊ ရောဂါနှင့် ကပ်ဘေးများ စသည့် မလွန်ဆန်နိုင်သော မတားဆီးနိုင်သော ဖြစ်ရပ်များကြောင့် ဤစည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်ခြင်းအတွက် တာဝန်ရှိခြင်း (သို့မဟုတ်အရေးယူခံရခြင်း မရှိစေရ။

၁၂.၄။ စည်းမျဉ်းများ နှင့် ကိုယ်ရေးအချက်အလက် လုံခြုံရေးဆိုင်ရာ မူဝါဒ တို့တွင် ပါရှိသည့် ဝေါဟာရများနှင့်အဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့် စပ်လျဉ်း၍ အင်္ဂလိပ်ဘာသာစကား နှင့် မြန်မာဘာသာစကားတို့ အကြား ကွဲပြားခြားနားမှုရှိပါက အင်္ဂလိပ်ဘာသာစကားနှင့် ရေးသားချက်ကိုသာ အတည်ယူရမည်။

၁၃။ စည်းမျဉ်းများ ပြောင်းလဲခြင်း

၁၃.၁။ ကျွန်ုပ်တို့ သည် ကျွန်ုပ်တို့ ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်သဘောဖြင့် ဤစည်းမျဉ်းများအား မည်သည့်အချိန်တွင်မဆိုပြောင်းလဲနိုင်သည့် အခွင့်အရေးရှိသည်။ အဆိုပါ စည်းမျဉ်းများ အားပြောင်းလဲပြုပြင်ခြင်းသည် ကျွန်ုပ်တို့ ဘက်မှ အများပြည်သူထံ ကြေညာသည့်အချိန်မှစ၍ အာဏာသက်ရောက်မှု ရှိမည်ဖြစ်သည်။ အရေးပါသော မည်သည့်အပြောင်းအလဲကိုမဆို ကျွန်ုပ်တို့ ဘက်မှ ဝက်(ဘ်)ဆိုက် ပေါ်တွင် ကြေညာခြင်း၊ မေးလ်ပို့၍ အကြောင်းကြားခြင်း၊ အခြားနည်းဖြင့်အသိပေးခြင်း (သို့မဟုတ်တစ်နည်းထက်ပိုသောနည်းများဖြင့် အသိပေးသွားမည်ဖြစ်သည်။ မည်သည့် အခြေအနေတွင်မဆို အကြောင်းကြားခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင့် အနေဖြင့် ဝန်ဆောင်မှု များကို ဆက်လက်အသုံးပြုနေခြင်းသည် ပြောင်းလဲပြုပြင်ထားသော စည်းမျဉ်းများကို သဘောတူသည်ဟု မှတ်ယူနိုင်သည်။

၁၄။ ရပ်စဲခြင်း

၁၄.၁။ သင့်အနေဖြင့် မည်သည့်အချိန်တွင်မဆို အကောင့်အား ပိတ်သိမ်းခြင်း၊ ကျွန်ုပ်တို့ ၏ အက်ပလီကေးရှင်း နှင့် ဝက်(ဘ်)ဆိုက် ကို ဆက်လက်အသုံးမပြုတော့ခြင်း ဖြင့် ဤစည်းမျဉ်းများကို ရပ်စဲနိုင်သည်။

၁၄.၂။ ကျွန်ုပ်တို့ ဘက်မှ သင့် အနေဖြင့် စည်းမျဉ်းများကို ချိုးဖောက်နေသည်ဟု ယုံကြည်ရသော အကြောင်းပြချက်ရှိပါက (သို့မဟုတ်မလျော်ကန်သော အပြုအမူများဆောင်ရွက်နေသည်ဟု သံသယရှိပါက မည်သည့်အချိန်တွင်မဆို သင်၏ အကောင့်အား ပိတ်သိမ်းခြင်း၊ အက်ပလီကေးရှင်း (သို့မဟုတ်ဝက်(ဘ်)ဆိုက် အားအသုံးပြုခွင့်ရပ်တန့်ခြင်းကို ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ ပြုလုပ်နိုင်သည်။

၁၅။ ရှင်းလင်းကြေညာချက်

၁၅.၁။ အက်ပလီကေးရှင်း (သို့မဟုတ်ဝက်(ဘ်)ဆိုက် ပေါ်ရှိအချက်အလက်များနှင့် သင်ထောက်ကူပစ္စည်းများသည် သတင်းအချက်အလက်သိရှိရန် နှင့် ပညာရေးပေးရန် ရည်ရွယ်ချက်များအတွက်သာ သင့်အား ထောက်ပံ့ပေးထားခြင်း ဖြစ်ပြီး ထောက်ပံ့ပေးထားသည့် ပုံစံအတိုင်းမှ လွဲ၍ အခြား အတိအလင်းသော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း မည်သည့် ဝန်ခံကတိပြုချက် သို့မဟုတ် တာဝန်ယူခြင်းမျှ မပြုလုပ်ထားပါ။

၁၅. အက်ပလီကေးရှင်း (သို့မဟုတ်ဝက်(ဘ်)ဆိုက် ပေါ်ရှိအချက်အလက်များ၊ ကိုးကားချက်များနှင့် သင်ထောက်ကူပစ္စည်းများသည် NIMD နှင့်/သို့မဟုတ် Demo Finland ကို ကိုယ်စားပြုခြင်း နှင့် ၎င်းတို့၏ အမြင်ကို ထင်ဟပ်ခြင်း လုံးဝ မရှိပါ။

၁၅. ကျွန်ုပ်တို့သည် အခြားပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ အသိဉာဏပစ္စည်းဆိုင်ရာ အခွင့်အရေးများကို အလေးထားပါသည်။ ကျွန်ုပ်တို့သည် အက်ပလီကေးရှင်း (သို့မဟုတ်ဝက်(ဘ်)ဆိုက်ပေါ်ရှိ အထောက်အကူပြုပစ္စည်းများ၊ အကြောင်းအရာများအတွက် သက်ဆိုင်ရာ မူရင်း ရေးသားသူအား ဖော်ပြခြင်းနှင့် မူရင်း ရေးသားသူအား မူပိုင်ခွင့် သို့မဟုတ် ပိုင်ဆိုင်ခွင့် ပေးအပ်ထားပါသည်။

၁၆။ အသိဉာဏဆိုင်ရာ ပိုင်ဆိုင်မှု

၁၆.၁။ အခြားသော အဖွဲ့အစည်းများထံမှ အချက်အလက်များ ရည်ညွှန်း ထည့်သွင်းထားခြင်းမှ အပ ဝန်ဆောင်မှု အပါအဝင် မူလ အကြောင်းအရာများ၊ အသွင်အပြင်များ၊ လုပ်ငန်းဆောင်တာများ အားလုံး သည် NIMD နှင့် အခွင့်ပေးထားသူများ၏ အပိုင်ဖြစ်သည်။

၁၆.၂။ ဝန်ဆောင်မှု များ အားလုံးသည် နယ်သာလန်နိုင်ငံနှင့် သက်ဆိုင်ရာနိုင်ငံများ၏ မူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ် နှင့် စပ်လျဉ်းသော ဥပဒေများ၏ အကာအကွယ်ရှိမည်ဖြစ်သည်။

၁၆.၃။ ကျွန်ုပ်တို့ ၏ အမှတ်တံဆိပ်အား NIMD ၏ စာဖြင့်ရေးသားထားသော ကြိုတင်ခွင့်ပြုချက်မရှိဘဲ မည်သည့် ကုန်ပစ္စည်း၊ ဝန်‌ဆောင်မှု အတွက်မျှ အသုံးပြုခြင်းမရှိစေရ။

၁၇။ ဆက်သွယ်ရန်

၁၇.၁။ အထက်ပါ အသုံးပြုသူ စည်းမျဉ်းများ နှင့်ပတ်သက်၍ မေးခွန်း တစ်စုံတစ်ရာရှိပါက သို့မဟုတ် အက်ပလီကေးရှင်း (သို့မဟုတ်ဝက်(ဘ်)ဆိုက်တွင် ရှိသော အကြောင်းအရာများနှင့် စပ်လျဉ်း၍ ပြင်ဆင်ရန် တောင်းဆိုမှုများရှိပါက ကျွန်ုပ်တို့ ၏ အသုံးပြုသူ ဝန်ဆောင်မှု အီးမေးလ် ဖြစ်သော [email protected] ကို ဆက်သွယ်အကြောင်းကြားနိုင်သည်။