မေးလေ့ရှိသောမေးခွန်းများ

MyDemocracy School သည် အခမဲ့ဖြစ်ပြီး ဒေတာ အသုံးပြုမှုနည်းပါးသော websiteအခြေခံ မိုဘိုင်းလ် applicationတစ်ခုဖြစ်ပြီး နိုင်ငံရေးကိုစိတ်ဝင်စားသော မြန်မာနိုင်ငံရှိ လူငယ်၊ အမျိုးသမီး နှင့် တိုင်းရင်းသားခေါင်းဆောင်များ၊ သင်တန်းသားဟောင်းများအား နိုင်ငံရေးလုပ်ငန်းစဉ်တွင် စိတ်အားထက်သန်စွာပါဝင် နိုင်စေရန် အသိပညာနှင့် ကျွမ်းကျင်မှုများကို မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်ထားပါသည်။ အသုံးပြုသူများသည် MyDemocracy School ၏ သင်တန်းသုံးလက်စွဲစာအုပ်များ၊ ပုံနှိပ်ထုတ်ဝေထားသော စာအုပ်များမှ ကျွမ်းကျင်စွာ ပြင်ဆင်ရေးထားသားသော၊ အပြန်အလှန် အကျိုးသက်ရောက်မှုရှိသည့် အကြောင်း အရာများကို အွန်လိုင်းရော အော့ဖ်လိုင်းပါ အကန့်အသတ်မရှိ အခမဲ့ အသုံးပြုခွင့် ရရှိမည်ဖြစ်သည်။

MyDemocracySchool Applicationကို နိုင်ငံရေးကိုစိတ်ဝင်စားသော မည်သူမဆို အသုံးပြုနိုင်ပြီး လူမျိုးဘာသာ ခွဲခြားကန့်သတ်ထားခြင်း လုံးဝမရှိပါ။

MyDemocracy School Applicationကို အကောင့်ဖွင့်စရာမလိုဘဲ အသုံးပြုနိုင်ပြီး ဆောင်းပါးများဖတ်ရှုခြင်း၊ စာအုပ်များ ဒေါင်းလုဒ်ရယူခြင်းများပြုလုပ်နိုင်ပါသည်။ ဆောင်းပါးပါ အကြောင်းအရာများနှင့် ပတ်သတ်ပြီး ဆွေးနွေးခြင်း၊ ဖိုရမ်တွင် ပါဝင်ဆွေးနွေးခြင်းတို့ ပြုလုပ်နိုင်ရန်အတွက် အကောင့်ဖွင့်ရန်လိုအပ်ပါသည်။

အကောင့်ဖွင့်ပြီးပါက ဖိုရမ်ကို အသုံးပြုနိုင်ရန်ခေတ္တစောင့်ဆိုင်းပေးရပါမည်။ MyDemocracy School Adminမှ ပြန်လည်စိစစ်ပြီးနောက် ၄၈နာရီအတွင်း ဖိုရမ်အသုံးပြုခွင့်ရရှိမည်ဖြစ်ပါသည်။

Applicationကို အင်တာနက်မလိုဘဲ အသုံးပြုနိုင်ရန်အတွက် ဆောင်းပါးများနှင့် စာအုပ်များကို ဒေါင်းလုဒ်ရယူထားနိုင်ပါသည်။ ဒေါင်းလုဒ်ရယူထားသောဆောင်းပါးများကို Applicationတွင်သာဖတ်ရှုနိုင်ပြီး PDFစာအုပ်များကိုမူ မိမိအသုံးပြုသည့် Device၏ Storageတွင်သိမ်းဆည်းနိုင်သောကြောင့် မိမိကြိုက်နှစ်သက်ရာ PDF reader ဖြင့် ဖတ်ရှုနိုင်ပါသည်။

MyDemocracy School Applicationသည် အသုံးပြုသူများ၏ အချက်အလက်များကို ခွင့်ပြုချက်မရှိဘဲရယူခြင်းနှင့် အခြားအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များကို မျှဝေခြင်းများ ပြုလုပ်ခြင်းလုံးဝမရှိပါ။

Passwordမေ့သွားပါက Menuအောက်ရှိ စကားဝှက်ပြောင်းလဲရန်ကိုနှိပ်ပါ။ စကားဝှက်မေ့နေပါသလား ကို နှိပ်ပါ။ မိမိ၏ အသုံးပြုသူအိုင်ဒီနှင့် တက်ရောက်ခဲ့ဖူးသော NIMD’s Democracy School သင်တန်းအမည်ကို ထည့်ပြီး ပေးပို့မည်ကိုနှိပ်ပါ။ ထို့နောက် မိမိအသစ်ပြောင်းလဲမည့် Passwordကို ထည့်သွင်းပြီးပြောင်းလဲနိုင်ပါသည်။ Password ပြောင်းလဲရာတွင် အခက်အခဲရှိပါက NIMDသို့ ဆက်သွယ်အကူအညီတောင်းနိုင်ပါသည်။

ဖိုရမ်တွင်တင်ခဲ့သော Postများ,Comment များနှင့်ဆောင်းပါးများတွင်မေးခဲ့သောမေးခွန်းအဖြေများကို Menuအောက်ရှိ လုပ်ဆောင်မှုမှတ်တမ်းများတွင်ကြည့်ရှုနိုင်ပါသည်။