MyDemocracy School

MyDemocracySchool သည် နိုင်ငံရေးဆိုင်ရာ အသိပညာများ ကျွမ်းကျင်မှုများ မြှင့်တင်ခြင်းများကို ပံ့ပိုးပေးမည့် Application တစ်ခုဖြစ်ပါသည်။ MyDemocracySchool သည် အခမဲ့ဖြစ်ပြီး ဒေတာ အသုံးပြုမှုနည်းပါးသော websiteအခြေခံ မိုဘိုင်းလ် applicationတစ်ခုဖြစ်ပြီး နိုင်ငံရေးကိုစိတ်ဝင်စားသော မြန်မာနိုင်ငံရှိ လူငယ်၊ အမျိုးသမီး နှင့် တိုင်းရင်းသားခေါင်းဆောင်များ၊ သင်တန်းသားဟောင်းများအား နိုင်ငံရေးလုပ်ငန်းစဉ်တွင် စိတ်အားထက်သန်စွာပါဝင် နိုင်စေရန် အသိပညာနှင့် ကျွမ်းကျင်မှုများကို မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်ထားပါသည်။ အသုံးပြုသူများသည် MyDemocracy School ၏ သင်တန်းသုံးလက်စွဲစာအုပ်များ၊ ပုံနှိပ်ထုတ်ဝေထားသော စာအုပ်များမှ ကျွမ်းကျင်စွာ ပြင်ဆင် ရေးထားသားသော၊ အပြန်အလှန် အကျိုးသက်ရောက်မှုရှိသည့် အကြောင်း အရာများကို အွန်လိုင်းရော အော့ဖ်လိုင်းပါ အကန့်အသတ်မရှိ အခမဲ့ အသုံးပြုခွင့် ရရှိမည်ဖြစ်သည်။

MyDemocracy School Application သည် Netherlands Institute for Multiparty Democracy (NIMD) နှင့် Political Parties of Finland for Democracy – Demo Finland တို့ပူးပေါင်း ပံ့ပိုးပေးထားခြင်း ဖြစ်ပါသည်။ လူငယ်များ၊ အမျိုးသမီးများ၊ တိုင်းရင်းသားခေါင်းဆောင်များကို နိုင်ငံရေးအသိပညာများ အတတ်ပညာစွမ်းရည်များကို မြှင့်တင်ပေးခြင်းဖြင့် ၎င်းတို့၏ အနာဂတ်မြန်မာနိုင်ငံအတွက် ဖက်ဒရယ် ဒီမိုကရေစီ လူ့အဖွဲ့အစည်းဖော်ဆောင်ရေးတွင် ထိရောက်စွာဩဇာလွှမ်းမိုးပြီး ပါဝင်အထောက်အပံ့ ပေးနိုင်ရန် ရည်ရွယ်ပါသည်။



NIMD

The Netherlands Institute for Multiparty Democracy (NIMD)

Netherlands Institute for Multiparty Democracy (NIMD) သည် ကမ္ဘာတစ်ဝှမ်းတွင် ငြိမ်းချမ်းပြီး၊ တရားမျှတကာ အားလုံးပါဝင်နိုင်သော နိုင်ငံရေးကို မြှင့်တင်ရန် လုပ်ဆောင်နေသည်။ အဓိက အကြောင်းအရာ နယ်ပယ်ငါးခုဖြစ်သော (ဆွေးနွေးပွဲ၊ ဒီမိုကရေစီပညာရေး၊ အမျိုးသမီးများ နိုင်ငံရေးပါဝင်မှု၊ လူငယ်နှင့် ပေါင်းစည်းမှု၊ ဒီမိုကရေစီ အခြေခံအဆောက်အအုံ အားကောင်းစေရေး) တို့တွင် ဒီမိုကရေစီဆိုင်ရာ ပံ့ပိုးကူညီခြင်းဖြင့် နိုင်ငံရေးလုပ်ဆောင်သူများအား ၎င်းတို့ နှင့် ၎င်းတို့၏ နိုင်ငံအပေါ်သက်ရောက်သောအကြောင်းအရာများကို အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုလုပ်နိုင်ရန် တွန်းအားပေးသည့်အပြင်၊ နိုင်ငံသားများနှင့် ထိတွေ့ပြီး သူတို့၏လိုအပ်ချက်အသံများကိုနားထောင်နိုင်ရန် ကူညီပေးပါသည်။

Demo Finland

Political Parties of Finland for Democracy – Demo Finland

Political Parties of Finland for Democracy – Demo Finland သည် ဖင်လန်နိုင်ငံရေးပါတီများနှင့် ပါတီအသစ်များကြား ပူးပေါင်းဆောင်ရွက်သည့် ပရောဂျက်များကို ဆောင်ရွက်ခြင်းဖြင့် ဒီမိုကရေစီကို ပံ့ပိုးပေးသော ဖင်လန်ပါလီမန်ပါတီများ ပူးပေါင်းဆောင်ရွက်သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ Demo Finland သည် ဖင်လန်နိုင်ငံ၏ ဒီမိုကရေစီအရေး ပံ့ပိုးကူညီမှုဆိုင်ရာ ထိပ်တန်းကျွမ်းကျင်သူနှင့် စည်းရုံးရေးအဖွဲ့အစည်းလည်းဖြစ်သည်။ Demo Finland သည် မည်သည့်လှုပ်ရှားမှုနှင့်မဆို အယူဝါဒဆိုင်ရာ၊ ဘာသာရေးဆိုင်ရာ သို့မဟုတ် နိုင်ငံရေးဆိုင်ရာ ဆက်စပ်မှုမရှိပါ။