အသစ်များ > ကျား-မ ရေးရာအမြင်ပေါင်းစပ်ထည့်သွင်းလုပ်ဆောင်ခြင်း (Gender mainstreaming) တွင်ရှိသိသင့်သည့် အချက်များ
ကျား-မ ရေးရာအမြင်ပေါင်းစပ်ထည့်သွင်းလုပ်ဆောင်ခြင်း (Gender mainstreaming) တွင်ရှိသိသင့်သည့် အချက်များ
2025-08-19
ကျား-မ သာတူညီမျှအခွင့်အရေးရရှိရေးဆောင်ရွက်မှု၏ ခေတ်ရေစီးကြောင်းရှိသိသင့်သည့် အချက်များ
“ပေါင်းစပ်ထည့်သွင်းခြင်း“ဆိုတာဘာကိုပြောပါသနည်း။ အဘိဓာန်တွင် ယင်းကို “ဘုံတူညီမှူရှိ သောကျင့်သုံးမှူ“ ဟုဘာသာပြန်ဆိုထားပါသည်။ ဆိုရပါမူ “ပေါင်းစပ်ထည့်သွင်းခြင်း“ဆိုသည်မှာ တစ်စုံတစ်ရာကို အားလုံးတွင်ဘုံတူညီမှူဖြစ်အောင် တူညီသောကျင့်သုံးလက်ခံမှူကိုပြောင်းလဲ ဖြစ်စေခြင်း ဟုဆိုရပါလိမ့်မည်။
“ကျား-မရေးရာသဘောတရားကိုပေါင်းစပ်ထည့်သွင်းခြင်း“ သည်သဘောတရားတစ်ရပ်ဖြစ်ပြီး၊ ယင်း သဘောတရားကို ပြန့်ပွားစည်ပင်အောင် ကုလသမဂ္ဂ အပါအဝင် အဖွဲ့အစည်းအသီးသီးမှ ဆယ်စုနှစ်များစွားကထဲက လုပ်ဆောင်ခဲ့ကြပါသည်။ ကုလသမဂ္ဂ ၏ အဓိပါယ်ဖွင့်ဆိုချက်အရ “ကျား-မသဘောတရားကိုပေါင်းစပ်ထည့်သွင်းခြင်း ဆိုသည်မှာ ကျား-မတန်းတူညီမျှရေးတိုးတက် ရန်အတွက် အပြည်ပြည်ဆိုင်ရာနိုင်ငံတကာမှလက်ခံကျင့်သုံးနေသော ဗျူဟာတစ်ရပ်ဖြစ်ပါသည်။ ကျား-မ တန်းတူညီမျှရေးရည်မှန်းချက်ကိုရရှိရန်အတွက်နည်းလမ်းတစ်ခု ချဉ်းကပ်နည်းတစ်ခုဖြစ် ပါသည်။ ယင်းအတွက် အဆင့်တိုင်းတွင် ကျား-မရေးရာလွှမ်းသောအမြင်ဖြင့်ကြည့်မြင်ရန်လိုအပ် ပါသည်။ စီမံကိန်း၊ စီမံချက်၏အဆင့်တိုင်းဆိုသည်မှာ- မူဝါဒဖော်ဆောင်ခြင်း၊ သုတေသနပြု လုပ်ခြင်း၊ တိုက်တွန်းပြော ဆိုခြင်း၊ ဥပဒေပြုခြင်း၊ အရင်းအမြစ်များခွဲဝေခြင်း၊ အစီအစဉ်ချခြင်း၊ လက်တွေ့အကောင်အထည် ဖော်ခြင်း၊ စောင့်ကြပ်ကြည့်ရှူခြင်း ဟူသော အဆင့်အားလုံးကို ဆိုလို သည်။
ပေါင်းစပ်ထည့်သွင်းခြင်းဆိုရာဝယ် လက်ရှိ လုပ်ငန်းအစီအစဉ်တွင် “အမျိုးသမီး“ ကို သို့မဟုတ် “ကျား-မ တန်းတူညီမျှရေး“ ကို အကြောင်းအရာတစ်ရပ်၊ အစီအစဉ်တစ်ရပ်အဖြစ် ထည့်သွင်းခြင်း မျှကို ဆိုလိုခြင်းမဟုတ်ပါ။ ယင်းသည် “အမျိုးသမီးများ၏ပူးပေါင်းပါဝင်မှူ တိုးတက်လာသည်“ ဟူသော အချက်ထက်အများကြီးကျယ်ပြန့်နက်နဲပါသည်။ ကျား-မတန်းတူညီမျှမှူ၏ အဓိက အခရာကျမှူသည် နိုင်ငံရေး၊ မူဝါဒ ဆုံးဖြတ်ချက်ချမှတ်မှူများ၊ ရေတို-ရေလတ်အစီအမံများ၊ ဘတ်ဂျက်ခွဲဝေမှူများ၊ နှင့် အဖွဲ့တွင်း ဖွဲ့စည်းပုံ နှင့် ဖြစ်စဉ်များ ပေါ်တွင် တည်မီပါသည်။ တနည်း အားဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်၏အဆင့်တိုင်းတွင် အမျိုးသမီးနှင့် အမျိုးသားတို့၏ ပါဝင်မှူ၊ ကိုယ်စားပြုမှူ၊ ဆုံးဖြတ်ချက်ချမှူ နှင့် အကျိုးခံစားခွင့်ရှိမှူတို့ကို သေချာစေသော မူဝါဒ၊ ဗျူဟာ နှင့် ပန်းတိုင်များ ပြောင်းလဲချမှတ်လာမှူကို ကျား-မရေးရာသဘောတရားများပေါင်းစပ်ထည့်သွင်းခြင်းမှ တစ်ဆင့်သာရရှိ ဖော်ဆောင်မည်ဖြစ်ပါသည်။ ယင်းအတွက် အဖွဲ့အစည်းများရှိ ဖွဲ့စည်းပုံ၊ လုပ်ထုံး လုပ်နည်း၊ ဌာနတွင်းယဉ်ကျေးမှူ (ထုံးစံ) တို့ကို ကျား-မတန်းတူညီမျှမှူကိုဖော်ဆောင်သည့် ယဉ်ကျေးမှူ၊ ပတ်ဝန်းကျင်ဖြစ်ရန် ပြောင်းလဲရပါမည်။
ကုလသမဂ္ဂ စားနပ်ရိကာအဖွဲ့ (FAO) တွင် ကျား-မရေးရာသဘောတရားများပေါင်းစပ်ထည့်သွင်း ခြင်း ကောင်းမွန်သည့်လမ်းညွှန်ကိုးကားရန်ရှိပါသည်။ (Guide to mainstreaming gender in FAO’s project cycle. )
ဥပမာ- FAO နှင့် ကျား-မရေးရာသဘောတရားများကို ပေါင်းစပ်ထည့်သွင်းခြင်း
The Grameen Krishi (Agricultural) Foundation (GKF) ကို ၁၉၉၁ ခုနှစ်တွင် ဘင်္ဂလားဒေ့ချ် တွင် the Grameen Bank မှတည်ထောင်ခဲ့ပါသည်။ GKF သည် လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက် ရေးအတွက် ရေသွယ်မှူများ၊ စုငွေချေငွေများ နှင့် ဝန်ဆောင်မှူများပံ့ပိုးပေးခြင်းများမှတစ်ဆင့် လုပ်ဆောင်ပါသည်။ ယင်းဖောင်ဒေးရှင်း၏ ဂျန်ဒါမဟာဗျူဟာ ကိုချမှတ်ဆောင်ရွက်ခဲ့ပါသည်။ ပထမတွင် အမျိုးသာများသာ GKF ၏သီးနှံထုတ်လုပ်ရေးတွင်ပါဝင်နိုင်ပြီး၊ အမျိုးသမီးများက တော့ ၎င်းတို့၏ရိုးရာဓလေ့အတိုင်း အိမ်တွင်းအခြေပြု အိမ်တွင်းမှူလုပ်ငန်းလေးများ (ဆန်ဖွတ် ခြင်း၊ အသေးစားတစ်နိုင်တစ်ပိုင်မွေးမြူရေးစသည်) ကိုသာလုပ်ကိုင်ကြရပါသည်။ တဖြေးဖြေး နှင့် GKF သည် သီးနှံထုတ်လုပ်ရေးတွင် အမျိုးသမီးများ၏အရေးပါသောအခန်းကဣကို သတိ ပြုမိလာပါသည်။ ယင်းသတိပြုမိခြင်း သည် အသိအမှတ်ပြုခြင်းဖြစ်လာပြီး GKF ၏ ဂျန်ဒါမဟာ ဗျူဟာသည် ၎င်းစီမံချက်၏ရေသွင်းမှူများ၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် အမျိုးသမီးများအား အမျိုးသမီးလယ်သမားများ အဖြစ်လက်ခံဦးတည်ကာ ပါဝင်စေခဲ့ခြင်းဖြင့် ၎င်းတို့၏ ဂျန်ဒါမဟာ ဗျူဟာကိုပြောင်းလဲခဲ့ပါသည်။ လယ်ယာမြေ၊ ရေအရင်းအမြစ် အသုံးချနိုင်မှူ၊ မျိုးစေ့၊ ရင်းနှီးမ တည်ငွေ၊ ဓာတ်မြေသြဇာ နှင့် ဈေးကွက်လိုအပ်ချက်များ ပံ့ပိုးပေးမှူတို့ကို အမျိုးသမီးများရရှိ ကြခြင်းဖြင့် လယ်ယာစိုက်ပျိုးရေးထုတ်လုပ်မှူတွင် အမျိုးသမီးများ၏ လက်လှမ်းမီမှူမှာတိုးမြင့် လာပါသည်။ အမျိုးသမီးများသည် ယခင် ရှေးရိုးအတိုင်းလုပ်နေကျအလုပ်များထက်ပိုသော ဝင်ငွေများကို လယ်ယာစိုက်ပျိုးရေးမှရရှိကြပါသည်။
ကျား-မရေးရာသဘောတရားများကိုပေါင်းစပ်ထည့်သွင်းခြင်း သည် ကျား-မရေးရာတန်းတူညီမျှမှူ အတွက် မူဝါဒများဆိုင်ရာအခြေခံလိုအပ်ချက်တစ်ခုဖြစ်ပါသည်။ ထိရောက်သောပေါင်းစပ်ထည့် သွင်းခြင်းကိုရရှိနိုင်ရန်အတွက် စီမံကိန်းတွင်ပြုလုပ်သောလုပ်ဆောင်ချက်များအားလုံးတွင် “ကျား-မရေးရာသဘောတရားအမြင်များ“ကို မျက်ခြေမပြတ်ဂရုပြုကာ ထည့်သွင်းလုပ်ဆောင်ရန်လိုအပ် သည်။ “ကျား-မရေးရာသဘောတရားအမြင်များ“ ဆိုရာ မည်သည့်မူဝါဒများ၊ စီမံကိန်းများ၊ တိုက်တွန်းချက်များလုပ်ဆောင်သည်ရာတွင် ပထမဦးစွာအလေးထားရမည့်အချက်သည် ယင်း ကျင့်သုံးနေသည့် မူဝါဒ၊ စီမံကိန်း၊ နှင့် တိုက်တွန်းချက်များသည် အမျိုးသမီး၊ အမျိုးသား၊ မိန်းကလေး နှင့် ယောင်္ကျားလေးများအပေါ် မည်သည့်အကျိုးသက်ရောက်မှူကို ဖြစ်စေသလဲ ဟူ သောအချက်ဖြစ်ပါသည်။ ယင်းကဲ့သို့ မတူညီသည့်အကျိုးသက်ရောက်မှူများကို ဆန်းစစ်ခြင်းဖြင့် “မြင်သာသော ကျား-မရေးရာအမြင်ထည့်သွင်းခြင်း“ကို ဖြစ်စေပါသည်။
ယင်းသည်အလွန်ရိုးရှင်းလွယ်ကူသည်ဟုထင်ရသော်လည်း လှည့်ကွက်အနည်းငယ်ပါရှိပါသည်။ လုပ်ငန်းအစီအစဉ်များမလုပ်ခင်မှာပင် ယင်းလုပ်ဆောင်ချက်၏ လူများအပေါ်အကျိုးသက်ရောက် နိုင်ခြေ ကိုဆန်းစစ်ရပ်သည်။ ယင်းအတွက် စီမံကိန်းမစခင် စီမံကိန်းဧရိယာရှိလူအများ၏ အခြေအနေ ဆန်းစစ်ချက် -အမျိုးသားများ၊ အမျိုးသမီးများ၊ ယောင်္ကျားလေးများ၊ မိန်းကလေး များ၏ အခြေအနေဆန်းစစ်ချက်- ကို (ပုံသေကားကျထင်မြင်တွေးဆချက်များပေါ်တွင် အခြေမခံဘဲ) တကယ့်သတင်းအချက်အလက်များအပေါ်တွင် အခြေခံကာ ပြုလုပ်ရပါမည်။ ယင်းအတွက် ကျား-မ ခွဲခြားထားသည့် သတင်းအချက်အလက်များကို ရရှိရန်သည် အလွန် အရေးကြီးပါသည်။
ဥပမာ- ကျား-မရေးရာသဘောတရားများကိုထည့်သွင်းစဉ်းစားထားသော စီမံချက်၊ မြန်မာ
အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတစ်ဖွဲ့သည် ရပ်ရွာအခြပြုလူမှူအဖွဲ့အစည်းများကို ထောက်ပံ့ငွေ ပေးအပ်ခြင်းဖြင့် ဦးတည်လူမှူအဖွဲ့အစည်းများရှိ အိမ်ထောင်စုများ၏ စီးပွားရေး ဆိုင်ရာစွမ်းရည်မှ တစ်ဆင့် သက်မွေးဝမ်းကျောင်းမှူ အခွင့်အလမ်းများတိုးတက်လာစေရန်ရည်ရွယ်သည်။ ကျား-မ ရေးရာများထည့်သွင်းစဉ်းစားခြင်းသည် အဖွဲ့အစည်း၏ လုပ်ဆောင်ရမည့်လိုအပ်ချက်ဖြစ်သည်။
“Land and Property Rights in Karen State” ဟုခေါ်သော ၂၀၁၇-၂၀၁၈ ခုနှစ် စီမံချက်ကို အကောင်အထည် ဖော်ဆောင်သည့် ရပ်ရွာအခြေပြုလူမှူအဖွဲ့အစည်းတစ်ခုသည် အောင်ပါ အချက်များကို လုပ်ဆောင်ခြင်းဖြင့် ကျား-မရေးရာကို စီမံချက်တွင်ထည့်သွင်းခဲ့ပါသည်။
• ဦးတည်ကျေးရွာများ၏အခြေအနေဆန်းစစ်ချက်ကို ကောက်ယူခြင်း (ဘယ်သူက ဘာလုပ်လဲ။ ဘယ်သူက မြေယာပိုင်ဆိုင်သလဲ။ တရားဝင်အမည်ပေါက်က ဘယ်သူ့အမည်နဲ့လဲ စသည်)
• မြေယာပိုင်ဆိုင်မှူကို အတားအဆီးပြုနေသော (တိုက်ရိုက် နှင့် သွယ်ဝိုက်) အရာများ ကို ဖော်ထုတ်ခြင်း (အမျိုးသမီးများ၏အတားအဆီးများကဘာလဲ၊ အမျိုးသားများ၏ အတားအဆီး ကဘာလဲ။ အပယ်ခံ အမေ့လျော့ခံဖြစ်နေတဲ့သူများ သို့မဟုတ်၊ လူမျိုးစုငယ်များ၏ အတားအဆီး ကဘာလဲစသည် တို့ကို ဖော်ထုတ်ခြင်း)
• အဓိကလွမ်းမိုးနိုင်စွမ်းရှိသူ၊ သြဇာရှိသူများ (တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ၊ အုပ်စုဖြစ်စေ) များသတ်မှတ်ခြင်း။ ထိုထဲက ကျား-မရေးရာတန်းတူညီမျှမှူကို ကူညီမည့် ချန်ပီယံ ကို ရွေးချယ် သတ်မှတ် လုပ်ကိုင်ခြင်း။
• မြေယာပိုင်ဆိုင်ခွင့်နှင့်ပတ်သက်သော အမြင်ဖွင့်သင်တန်းများကို ရပ်ရွာအခြေပြုလူထုအတွင်း ကျင်းပခြင်း၊ ကျား-မတန်းတူညီမျှရေး နှင့် ဖွံ့ဖြိုးရေးကို ချိတ်ဆက်လုပ်ကိုင်ခြင်း၊ ပူးတွဲမှတ်ပုံတင် ခြင်းကို လုပ်ဆောင်ပေးခြင်း။
• ပူးတွဲမှတ်ပုံတင်ခြင်းကို ကူညီပံ့ပိုးခြင်း (မြို့နယ် အစိုးရရုံးများတွင် လိုအပ်သောပံ့ပိုးမှူများ ပေး ခြင်း)
• မြေယာမှတ်ပုံတင်ခြင်းဆိုင်ရာ အတွေ့အကြုံမျှဝေသည့်အစီအစဉ်များ ကျင်းပပေးခြင်း (ပူးတွဲမှတ်ပုံတင်ခြင်းတွင် ပူးပေါင်းပါဝင်လာသောအမျိုးသားများမှဦးစီးကာကျင်းပသော)
ယင်းစီမံချက်သည် “အိမ်ထောင်ဦးစီးအမျိုးသားကသာ မြေယာပိုင်ဆိုင်မှူတွင်အမည်ခံရလေ့ရှိ“ သော ထုံးတမ်းဓလေ့ဆိုင်ရာကျင့်သုံးမှူအပေါ်ထင်ရှားသောပြောင်းလဲစေမှူကို မတွေ့ရပါ။ သို့ရာ တွင် ယင်းသည် ကျား-မရေးရာပြုပြင်ပြောင်းလဲမှူကိုရှေ့ရှူသော အခြေခံကောင်းကိုမူ ဖြစ်စေ ပါ သည်။
စီမံချက် သို့မဟုတ် စီမံကိန်းတစ်ခုကို ကျား-မရေးရာရှူတောင့်မှ အကဲဖြတ်ရန်အတွက် အောက်ပါ မေးခွန်းများမေးရပါသည်။
၁. သင်ဖြေရှင်းရန်ကြိုးစားနေသောပြသနာတွင် အမျိုးသမီးများ၊ အမျိုးသားများ၊ မိန်းကလေးများ နှင့် ယောင်္ကျားလေးများ၏ အမြင်များကို ထည့်သွင်းရှူမြင်ထားပါသလား။
၂. စီမံကိန်း၏လုပ်ဆောင်ချက်များသည် ဦးတည်အုပ်စု ကို ရည်ရွယ်ထားပါသလား။
၃. စီမံကိန်းမှလုပ်ဆောင်မည့်လုပ်ဆောင်ချက်များတွင် အမျိုးသမီးများ၊ အမျိုးသားများ၊ ယောင်္ကျား လေးနှင့် မိန်းကလေးများ၏ မတူညီသောလိုအပ်ချက်များကို ရှင်းရှင်းလင်းလင်းမြင်ပါရဲ့လား။
၄. ဦးတည်အုပ်စုတွင်ပါဝင်သည့် အမျိုးသမီးများ နှင့် အမျိုးသားများ၊မိန်းကလေးများ နှင့် ယောင်္ကျားလေးများ ၏ ပါဝင်မှူ အချိုးအစားမှာ ဘယ်လောက်ပါလဲ။
၅. ရည်ရွယ်သည့် ရလာဒ်ရရှိရန်အတွက် လုပ်ဆောင်ချက်များသည် ကျား၊မ မတူသည့်အလျောက် ကွဲပြားသည့် လုပ်ဆောင်ချက်များလုပ်ဆောင်ရန်လိုအပ်ပါသလား။
၆. လုပ်ဆောင်မည့်စီမံချက်သည် မတူညီသောအုပ်စုများ - အမျိုးသား၊ အမျိုးသမီး၊ ယောင်္ကျား လေး၊ မိန်းကလေးများ- ကို ဦးတည်ပါရဲ့လား၊ ၎င်းမတူညီသောအုပ်စုများ၏ မတူညီသော လိုအပ်ချက်များနှင့် မတူညီသောအကျိုးဆက်များကို ဂရုပြုပါရဲ့လား။
အကျိုးဆက်များအားတိုင်းတာကြည့်ခြင်း
ရန်ပုံငွေအခက်အခဲရှိသဖြင့် သင့်မဲဆနနယ်ရှိကျောင်းတစ်ကျောင်းကိုပိတ်သိမ်းတော့မည်ဖြစ်ပြီး၊ ယင်းကျောင်းမှကျောင်းသားများသည် အနီးအနားကျေးရွာရှိကျောင်းကို ပြောင်းတက်ကြရမည် ဖြစ်သည်။ သို့ကြောင့် ကျောင်းသားများသည် နေ့စဉ် ၁-၂ နာရီကြာအောင် အနီးအနားကျေးရွာ ရှိကျောင်းကို သွားကြရမည်ဖြစ်သည်။
ကျောင်းပိတ်လိုက်ရသည့်အတွက် ရွာရှိ မိန်းကလေးများ၊ ယောင်္ကျား လေးများ၊ မိန်းမများ နှင့် ယောင်္ကျားများအပေါ် ကျရောက်နိုင်ခြေရှိသည့် အကျိုးဆက်များကိုဖော်ပြ ရေးချပါ။
အစိုးရသည် အခွန်ငွေပိုလိုအပ်သည့်အတွက် စွမ်းအင်ကဏ္ဍအပေါ်သို့အခွန်မူဝါဒအသစ်ကို ချမှတ်ပါသည်။ လျှပ်စစ်နှင့် ဓာတ်ဆီတို့မှ ရရှိသောအခွန်ငွေသည် ၁၀ ရာခိုင်နှူန်းတိုးတက်လာ ပါလိမ့်မည်။
ယင်းသည် သင့်မဲဆနနယ်ရှိအမျိုးသမီး နှင့် အမျိုးသား၊ မိန်းကလေး နှင့် ယောင်္ကျားလေးများ အပေါ် မည်ကဲ့သို့ သက်ရောက်မှူရှိမည်နည်း။