အသစ်များ > စီဒေါအစီရင်ခံစာတင်သွင်းခြင်းလုပ်ငန်းစဉ်

စီဒေါအစီရင်ခံစာတင်သွင်းခြင်းလုပ်ငန်းစဉ်

2025-08-20

အထက်တွင်ဖော်ပြသကဲ့သို့ပင်၊ အဖွဲ့ဝင်နိုင်ငံတိုင်းသည် ၎င်းတို့၏စီဒေါစာချုပ်ပါအချက်အလက် များအကောင်အထည်ဖော်နေမှူအခြေအနေအား စီဒေါကော်မတီသို့ ကနဦးအစီရင်ခံစာတင်သွင်း ခြင်းနှင့် လေးနှစ်တစ်ကြိမ်အစီရင်ခံစာတင်သွင်းခြင်းတို့မှတစ်ဆင့် တင်ပြကြပါသည်။ စီဒေါ ကော်မတီတွင် လွတ်လပ်သောပညာရှင် ၂၃ ဦးပါဝင်ပါသည်။ ၎င်း၂၃ဦးသည် စီဒေါစာချုပ်ပါ အချက်အလက်များအကောင်အထည်ဖော်နေမှူအခြေအနေများကို တင်သွင်းလာသော အစီရင် ခံစာများအပေါ်အခြေခံ၍သုံးသပ်အကဲဖြတ်ကြပါသည်။ လုပ်ငန်းစဉ်အဆင့်များမှာ-

- အစိုးရ၏စီဒေါအစီရင်ခံစာအားပြင်ဆင်ခြင်း/ စီဒေါစင်ပြိုင်အစီရင်ခံစာပြင်ဆင်ခြင်း

အဖွဲ့ဝင်နိုင်ငံတိုင်းသည် ၎င်းတို့၏စီဒေါစာချုပ်ပါအချက်အလက် များအကောင်အထည်ဖော်နေမှူ အခြေအနေအား စီဒေါကော်မတီသို့ ကနဦးအစီရင်ခံစာတင်သွင်း ခြင်းနှင့် လေးနှစ်တစ်ကြိမ် အစီရင်ခံစာတင်သွင်းခြင်းတို့မှတစ်ဆင့် တင်ပြကြပါသည်။

- ပဏာမ ဆွေးနွေးချက် (အချက်အလက်များ၊ မေးခွန်းများထုတ်နှူတ်ခြင်း)

ပဏာမဆွေးနွေးချက် လုပ်ငန်းကော်မတီတွင် အဖွဲ့ဝင် ၅ယောက်မှ ၁၀ယောက်ပါဝင်ကာ၊ တင်သွင်းလာသော အစီရင်ခံစာများကို သုံးသပ်ခြင်း၊ အရေးကြီးသောအချက်အလက်များ ထုတ်နှူတ်ခြင်း၊ မေးခွန်းများပြင်ဆင်ခြင်းတို့ပြုလုပ်ကြပါသည်။

- ထုတ်နှူတ်ထားသောအချက်အလက်များ၊ မေးခွန်းများကိုပေးပို့ပြန်ကြားခြင်း

ထုတ်နှူတ်ထားသောအချက်အလက်များ နှင့် မေးခွန်းများကို သက်ဆိုင်ရာအစိုးရဆီသို့ပေးပို့ကာ၊ သက်ဆိုင်ရာအစိုးရမှလိုအပ်သောသတင်းအချက်အလက်များနှင့် မေးခွန်းများကိုဖြေဆိုကာ သတင်း၆ပါတ်အတွင်း ပြန်လည်ပြန်ကြားပေးပါရန်တောင်းဆိုထားပါသည်။

- အပြုသဘောဆောင်သော အပြန်အလှန် ဆွေးနွေးမှူများ

စီဒေါကော်မတီသည် ပြန်လည်ပေးပို့သော သတင်းအချက်အလက်များ ဖြေကြားချက်များကို သုံးသပ်ပြီးနောက်၊ စီဒေါကော်မတီနှင့် သက်ဆိုင်ရာနိုင်ငံ၏အစိုးရတို့ မျက်နှာချင်းဆိုင်ဆွေးနွေးမှူ များ ပြုလုပ်ကြပါသည်။

- စီဒေါကော်မတီ၏အနှစ်ချုပ်သုံးသပ်ချက်

ယင်းအနှစ်ချုပ်သုံးသပ်ချက်တွင် စီဒေါကော်မတီ၏ အရေးကြီးထောက်ပြလိုသောအချက်များ၊ တိုက်တွန်းအကြံပြုချက်များပါဝင်ပါသည်။ စီဒေါကော်မတီသည် အထွေထွေအကြံပြုချက်များကို လည်းဖော်ပြထားပါသည်။ ယင်းတို့သည်(အကြောင်းအရာတစ်ရပ်အပေါ်) နိုင်ငံအားလုံးကို ခြုံငုံသုံးသပ်ထားသောအကြံပြုချက်များ ဖြစ်ပါသည်။

စီဒေါလုပ်ငန်းစဉ်အားလွမ်းမိုးရန် သုံးသပ်နေစဉ်ကာလအတွင်းပြုလုပ်နိုင်သောနည်းလမ်းသွယ် ခုရှိပါသည်။

- အစီရင်ခံစာတင်သွင်းခြင်း သို့မဟုတ် သက်ဆိုင်ရာသတင်းအချက်အလက်အား ပဏာမဆွေးနွေးချက်လုပ်ငန်းကော်မတီသို့ ပေးပို့ခြင်း

- ပဏာမဆွေးနွေးချက်လုပ်ငန်းကော်မတီဆွေးနွေးပွဲသို့တက်ရောက်ခြင်း နှင့် လိုအပ်သောသတင်းအချက်အလက်ပံ့ပိုးခြင်း

- စီဒေါစင်ပြိုင်အစီရင်ခံစာတင်သွင်းခြင်း .

စီဒေါနှင့် သာမာန် အမျိုးသမီးတစ်ဦး

ကိုယ်မသိတဲ့အခြားနိုင်ငံတစ်ခုကရှေ့နေများရေးဆွဲထားတဲ့သဘောတူညီမှူစာချုပ်နဲ့ ပတ်သက်တဲ့ပြောဆိုချက်တွေဟာသင့်အတွက် ရှူတ်ထွေးကောင်းရှူတ်ထွေးနေ ပါလိမ့်မည်။

မြန်မာကလူတွေရဲ့ဘဝမှာ ဒီသဘောတူစာချုပ်ကိုဘယ်လိုများလက်ခံကျင့်သုံးကြမှာ ပါလဲ။

ဥပမာတစ်ခုစဉ်းစားရန်-

စီဒေါသဘောတူစာချုပ်သည် မြန်မာနိုင်ငံရှိအမျိုးသမီး တစ်ဦး သို့မဟုတ် မိန်းကလေးငယ် တစ်ဦး၏ဘဝအပေါ် အဘယ်ကဲ့သို့အကျိုးသက်ရောက်မည်နည်း။