အသစ်များ > ပါတီတစ်ခု၏အဖွဲ့အစည်းဆိုင်ရာတည်ဆောက်ပုံများ

ပါတီတစ်ခု၏အဖွဲ့အစည်းဆိုင်ရာတည်ဆောက်ပုံများ

2023-03-07

အမျိုးသားခေါင်းဆောင်မှုကော်မတီ၊ ဥပမာ အမျိုးသားအလုပ်အမှုဆောင်အဖွဲ့

အမျိုးသားအလုပ်အမှုဆောင်ကော်မတီ(အန်အီးစီ) သည် အများအားဖြင့် အမျိုးသားညီလာခံများကျင်းပချိန် ကာလတွင် ပါတီ၏အမြင့်မားဆုံးသောဆုံးဖြတ်ချက်ချခြင်းအဖွဲ့ဖြစ်သည်။ အန်အီးစီသည် အမျိုးသားညီလာ ခံမှ ဆုံးဖြတ်လိုက်သည့်အရာနှင့်အညီ မူဝါဒနှင့် လမ်းစဉ်များကို ချမှတ်နိုင်သည်။ အန်အီးစီတွင် ပါတီ၏အ ဓိကအရာရှိများ ပါဝင်ဖွဲ့စည်းထားသည်၊ ဆိုလိုသည်မှာ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊  လက်ထောက်အထွေထွေအတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးတို့ ပါဝင်သည်။ပါတီတစ်ခုနှင့်တစ်ခု ရွေးကောက်ခံ ပါတီဝင်အမတ်အရေအတွက် မတူညီနိုင်ပါ၊သို့သော် အများအားဖြင့် ၎င်းပါတီဝင်အမတ်များသည် ပါတီ၏မတူ သောနယ်မြေဒေသအသီးသီးကို ကိုယ်စားပြုသည်။

အဆိုပါအလုပ်အမှုဆောင်အဖွဲ့တွင် မည်သူပါဝင်ရမည်ဟူသောအချက်နှင့်စပ်လျဉ်း၍ဆုံးဖြတ်ချက်သည် ပါတီ လုပ်ငန်းလည်ပတ်မှုကို မည်ရွေ့မည်မျှ ထည့်ဝင်လုပ်ဆောင်ထားသည်ဟူသောအချက်ကို ကြည့်၍တွက်ချက်ပါ သည်။ အမျိုးသားအလုပ်အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းပုံသည် နိုင်ငံရေးပါတီများအလိုက် မတူကွဲပြားသည်။ တစ် ခါတစ်ရံ ပါတီခေါင်းဆောင်အနည်းငယ်လောက်ကသာ အလုပ်အမှုဆောင်အဖွဲ့တွင် ပါဝင်တတ်ပြီး တချို့အ ခြေအနေများတွင် အမျိုးသမီးရေးရာအုပ်စု၊ ဒေသန္တရပါတီဌာနခွဲများမှ အဖွဲ့ဝင်များ သို့မဟုတ် အရန်ပါတီဝင် များကဲ့သို့သော ပါတီအဖွဲ့များ၏ကိုယ်စားလှယ်များက ခေါင်းဆောင်မှုကော်မတီတွင် ကိုယ်စားပြုပါဝင်နေ တတ်သည်လည်း ရှိသည်။

အထက်ပါ အလုပ်အမှုဆောင်ကော်မတီတွင် ကော်မတီဝင်ကို မည်သို့ ခန့်အပ်မည်ဟူသောအချက်သည် နိုင်ငံ ရေးပါတီများနှင့် နိုင်ငံများကြား မတူကွဲပြားသည်။ ပါတီတချို့သည် ရွေးကောက်ပွဲပြုလုပ်၍ အမှုဆောင်ကော် မတီဝင်များကို ခန့်အပ်သည်။ ဥပမာ တိုင်းဒေသနှင့် ဒေသန္တရအဆင့်ပါတီအုပ်စုများကဲ့သို့ ပါတီအဖွဲ့အစည်း များမှ ကိုယ်စားလှယ်စားများကို မဲပေးခွင့်ပြုပြီး ကျန်သူများကို မဲပေးခွင့်မပြုဘဲ ရွေးကောက်ခန့်အပ်ခြင်းမျိုး ဖြစ်သည်။ ရွေးကောက်ပွဲပြုလုပ်သည့်အခါ အမျိုးသမီးများ သို့မဟုတ် တိုင်းရင်းသားလူနည်းစုအုပ်စုများအ တွက် ခွဲတမ်းစနစ်ကို ကျင့်သုံးတတ်သည်။ အမျိုးသားအလုပ်အမှုဆောင်ကော်မတီဝင်များကို နိုင်ငံရေးပါတီက လစာပေးမည်၊မပေးမည်ဟူသောအချက်နှင့်စပ်လျဉ်း၍ နိုင်ငံများနှင့် ပါတီများကြား မတူကွဲပြားသည်။ ဤအ ချက်သည် ခေါင်းဆောင်မှုကော်မတီ၏ တာဝန်ကျေပွန်နိုင်မှု၊ တာဝန်ယူမှုများနှင့်  စိတ်ဓာတ်ခိုင်မာမှုတို့ အပေါ် အကြီးအမားလွှမ်းမိုးသက်ရောက်မှုရှိနိုင်ပါသည်။

ပါတီဌာနချုပ်များ

ပါတီဌာနချုပ်များသည် ပါတီအဖွဲ့အစည်း၏ထိပ်ဆုံးတွင်ရှိသည်။ ပါတီဥက္ကဋ္ဌနှင့် ပါတီကောင်စီသည် ပါတီဌာန ချုပ်များပင်ဖြစ်သည်။ နိုင်ငံရေးဆွေးနွေးပွဲများ၏ လက်တွေ့ဆွေးနွေးရာအကြောင်းအရာရပ်များအပေါ် ပါတီ ဘက်က မည်သို့ရပ်တည်မည်ဟု ပြင်ဆင်ရန်နှင့် ပါတီဝင်များနှင့် ကိုယ်စားလှယ်များကို သတင်းအချက်အ လက်နှင့် အဆိုတင်ပြချက်များကို အသိပေးရန် ရေရာသောကိစ္စရပ်များအပေါ် အာရုံစိုက်လုပ်ဆောင်မည့် “နည်းပညာ”ဆိုင်ရာဌာနတချို့လည်း ပါတီတွင် ရှိထားသင့်သည်။ ထို့အပြင် ပါတီဌာနချုပ်သည် ပါတီ၏ ဆက် သွယ်ပြောဆိုရေးနှင့် လူထုရှေ့တင်ပြမှုတို့နှင့်ပတ်သက်၍ အလေးထားရမည်ဖြစ်သည်။ နောက်ဆုံးအလေး ထားရမည့်အချက်ကိုဆိုရင်လျှင် ဌာနချုပ်သည် ရွေးကောက်ပွဲမဲဆွယ်မှုများကို စည်းရုံးပြီး လက်တွေ့အကောင် အထည်ပေးရမည်ဖြစ်သည်။

Diagram

Description automatically generated

အမျိုးသားစုံညီအစည်းအဝေး၊ ကွန်ဂရက် သို့မဟုတ် ညီလာခံ

အမျိုးသားညီလာခံသည် ပါတီ၏အမြင့်မားဆုံးသော ဆုံးဖြတ်ချက်ချခြင်းအဖွဲ့ဖြစ်သည်။ ယင်းညီလာခံသည် ကျယ်ပြန့်သောမူဝါဒများနှင့် ပါတီ၏ဦးတည်ချက်လားရာကို ဆုံးဖြတ်ပေးသည်။ အမျိုးသားညီလာခံသည် အမျိုးသားခေါင်းဆောင်မှုကိုလည်း ရွေးကောက်တင်မြှောက်သည်။ ညီလာခံကိုယ်စားလှယ်များကို ပါတီဝင် များမှ တိုက်ရိုက်ဖြစ်စေ၊ တစ်ဆင့်ပိုနိမ့်သောဖွဲ့စည်းပုံအလွှာတစ်ရပ်မှဖြစ်စေ ရွေးချယ်သည်။

အမျိုးသားညီလာခံသည် အများအားဖြင့် တစ်နှစ်လျှင် တစ်ကြိမ်မှငါးကြိမ် စည်းဝေးကျင်းပသည်။ ညီလာခံ တက်ရောက်သူများတွင် ပါတီ၏လူငယ်ရေးရာအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့ကဲ့သို့သော  တိုင်းဒေသနှင့် ဒေ သန္တရဌာနခွဲများနှင့်အရန်အုပ်စုများမှကိုယ်စားလှယ်များပါဝင်တတ်သည်။သာမန်အဖွဲ့ဝင်များကိုလည်း ညီလာ ခံတက်ရောက်ရန် ကြိုဆိုတတ်ပါသည်။ တစ်ခါတစ်ရံ ညီလာခံဆုံးဖြတ်ချက်များသည် ပါတီခေါင်းဆောင်မှုကို တရားဝင်တာဝန်ခံစေခြင်းဖြစ်ပြီး တချို့အခြေအနေများတွင် ညီလာခံဆုံးဖြတ်ချက်များသည် တိုက်တွန်း အကြံပြုချက်များ သို့မဟုတ် လမ်းညွှန်ချက်များသာဖြစ်နေတတ်သည်။

ဒေသန္တရအဆင့်နှင့် တိုင်းဒေသအဆင့်ပါတီရုံးခွဲများ(ပထဝီနယ်မြေအလိုက်ဌာနစိတ်များ)

ဒေသန္တရနှင့် တိုင်းဒေသအဆင့် ပါတီရုံးခွဲများသည် နိုင်ငံရေးပါတီတစ်ရပ်အတွင်း တည်ငြိမ်မှုနှင့်ပါဝင်ဆောင် ရွက်ခြင်းကို မြှင့်တင်ပေးခြင်းဖြစ်သည်။ ဒေသန္တရအဆင့်တွင် ပါတီဝင်များသည် ယေဘုယျအားဖြင့် ပါတီနှင့် နိုင်ငံရေးတို့နှင့် အနီးကပ်ဆုံးဆက်သွယ်မှုရှိသည်။

နိုင်ငံရေးပါတီအများစုတွင် ဒေသန္တရနှင့်တိုင်းဒေသအဆင့်ပါတီရုံးခွဲများထားရှိသည်။ တစ်ခါတစ်ရံ အမျိုးသား အဆင့်အောက် ငါးဆင့်ကွာအထိရုံးခွဲများရှိနိုင်သည်။ ပါတီဌာနတွင်းစည်းမျဉ်းများသည် ပါတီ၏အမျိုးသား အဆင့်တွင်ဖြစ်စေ၊ ဒေသန္တရအဆင့်များတွင်ဖြစ်စေ ဆုံးဖြတ်ချက်ချခြင်းဖြစ်စဉ်ကို မည်သူက ထိန်းချုပ်ထား သည်ဟူသောအချက်ကို စီစဉ်သတ်မှတ်ပေးထားသည်။  ဒေသန္တရနှင့် တိုင်းဒေသအဆင့်ပါတီရုံးခွဲများသည် အနည်းနှင့်အများဆိုသလိုခေါင်းဆောင်မှုပိုင်း၊ ဘက်ဂျက်ပိုင်းနှင့် မဲဆွယ်စည်းရုံးရေးပိုင်းတို့တွင် အမျိုးသားအ ဆင့်ပါတီအဖွဲ့အစည်းအောက်မှ သီးခြားအမှီအခိုကင်းလွတ်လပ်မှုရှိနိုင်သည်။

ပါတီတစ်ရပ်အာဏာရလာချိန်တွင် ပါတီရုံးခွဲသည် အရေးပါသောလမ်းကြောင်းတစ်ခုဖြစ်သည်၊ ထိုလမ်း ကြောင်းမှတစ်ဆင့် ပါတီနှင့်သာမန်ပြည်သူလူထုတို့ ဆက်သွယ်နိုင်ကြသည်။ ရုံးခွဲသည် အစိုးရ၏မူဝါဒများနှင့် လမ်းစဉ်များကို အသိပေးတင်ပြနိုင်ကာ ရှင်းလင်းပြောဆိုပြနိုင်သည်၊ ထို့အပြင် အစိုးရ၏စွမ်းဆောင်ရည်အ ပေါ် ပြည်သူအများ စဉ်းစားနေသည့်အရာကို ထုတ်နုတ်ကောက်ယူပြီး သက်ဆိုင်ရာပြည်သူထံတုံ့ပြန်သဘော ထားအမြင် ပြန်ရောက်ရှိအောင် ဆောင်ရွက်နိုင်သည်။

ဒေသန္တရနှင့် တိုင်းဒေသအဆင့်ပါတီရုံးခွဲများသည် ပုံမှန်အဖွဲ့ဝင်အစည်းအဝေးများကို ကျင်းပနိုင်သည်၊ အဖွဲ့ ဝင်(သစ်)များကို အားပေး၊ မြှင့်တင်ကာ ပေါင်းစည်းပေးနိုင်သည်။ အစည်းအဝေးများ၊ လူမှုရေးအခမ်းအနား များအပြင် ဒေသန္တရနိုင်ငံရေးကိစ္စရပ်များနှင့် ဒေသန္တရအရေးဦးစားပေးဆောင်ရွက်ချက်များအစရှိသည်တို့နှင့် ပတ်သက်သောဆွေးနွေးပွဲများသို့ ပါတီရုံးခွဲများကို ဖိတ်ကြားသင့်သည်။ ဒေသန္တရနိုင်ငံရေးကိစ္စရပ်များနှင့် ဦးစားပေးဆောင်ရွက်ချက်များတွင် အိမ်ရာဖွံ့ဖြိုးရေး၊ လမ်းဖောက်လုပ်ရေး သို့မဟုတ် ဒေသန္တရကျောင်းများ သို့မဟုတ် စီးပွားရေးတို့နှင့် ဆက်စပ်နေသော ကိစ္စရပ်များပါဝင်သည်။

ဒေသန္တရ သို့မဟုတ် တိုင်းဒေသအဆင့်ပါတီရုံးခွဲများတွင် ကိုယ်ပိုင်နိုင်ငံရေးညီလာခံများရှိသင့်သည်၊ ဒေသန္တရ သို့မဟုတ် တိုင်းဒေသအဆင့်ရွေးကောက်ပွဲများအတွက် ကိုယ်စားလှယ်များကို အဆိုပြုခြင်း၊ ဒေသန္တရ သို့မ ဟုတ် တိုင်းဒေသအဆင့်တွင် ပါတီ၏ဦးစားပေးအလုပ်များကို ညှိနှိုင်းဆောင်ရွက်ခြင်း၊ ဒေသန္တရဝန်းကျင်အဆက်အစပ်တွင်(ဘာသာရေးအသိုင်းအဝိုင်းများ၊ နိုင်ငံသား သို့မဟုတ် ပညာရှင်အစည်းအရုံးများကဲ့သို့အစရှိသ ဖြင့်)ရှိသော ပါတီမဟုတ်သောအဖွဲ့အစည်းများနှင့် ရေရှည်အဆက်အဆံမပြတ်ရှိစေခြင်းတို့ ရှိထားအပ်သည်။  ပါတီရုံးခွဲများသည် ကိုယ်ပိုင်ဒေသန္တရနိုင်ငံရေးရပ်တည်ချက်များ(ပါတီတစ်ရပ်လုံး၏ အခြေခံမူဝါဒလမ်းစဉ် နှင့်အညီဖြစ်သော)နှင့်ဒေသန္တရအစိုးရမူဝါဒလမ်းစဉ်များကိုလည်းတိုးတက်ဖော်ဆောင်ထားသင့်သည်။ နောက် ဆုံးအားဖြင့် ဒေသန္တရအဆင့်ပါတီရုံးခွဲမှ ပါတီဝင်များသည် ဒေသန္တရ၊ တိုင်းဒေသ သို့မဟုတ် အမျိုးသားဗဟို အဆင့်ရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံးရေးများကိုလည်း ဆောင်ရွက်သင့်သည်။

ပါတီရုံးခွဲဖွဲ့စည်းတည်ဆောက်ပုံများ

ပါတီရုံးခွဲတွင် ပါတီဝင်အရေအတွက်သည် အယောက် ၅၀ နှင့် ၁၀၀၀ ကြား၊ တစ်ခါတစ်ရံ ထိုထက်လည်းပို တတ်သည်။ ရုံးခွဲသည် မူဝါဒများကို ချမှတ်ပြီး ပိုမြင့်မားသောအဆင့်များထံ အဆိုပြုတင်သွင်းသည်။ ပါတီ ရုံးခွဲတွင်လည်း ပိုမြင့်မားသောဖွဲ့စည်းတည်ဆောက်ပုံများရှိသည်။

ရုံးခွဲ၏အဓိကတာဝန်မှာ အဖွဲ့ဝင်များ စုဆောင်းရန်နှင့် အသက်သွင်းပေးရန်ဖြစ်သည်။ ပါတီဝင်များ၏ ကျွမ်း ကျင်မှုများ၊ စွမ်းအင်နှင့် နိုင်ငံရေးအသိအမြင်များသည် ပါတီ၏နိုင်ငံရေးနှင့် ဖွဲ့စည်းမှုပိုင်းကို ပုံဖော်ဖွံ့ဖြိုးစေ သည့်အရာများဖြစ်ကြသည်။ သွက်လက်တက်ကြွနေသောအဖွဲ့ဝင်များနှင့် လူ့အဖွဲ့အစည်းထံ ပြန့်နှံ့သက် ရောက်ထားသည့် လှုပ်ရှားဆောင်ရွက်ချက်များစွာရှိသည့် ပါတီရုံးခွဲတစ်ရပ်သည် ပါတီ၏အကောင်းဆုံး အဖိုး တန်အရာများဖြစ်သည်။

ပါတီရုံးခွဲနှစ်ပတ်လည်အထွေထွေအစည်းအဝေး/ညီလာခံ

ပါတီဖွဲ့စည်းပုံဥပဒေအများစုတွင် ပါတီရုံးခွဲအနေဖြင့် နှစ်ပတ်လည်အထွေထွေအစည်းအဝေး သို့မဟုတ် ညီ လာခံဟုခေါ်သည့် တစ်နှစ်လျှင်တစ်ကြိမ်  ပါတီဝင်အစည်းအဝေးကို ကျင်းပရမည်ဟု ပြဋ္ဌာန်းထားသည်။ ဤ အချက်သည် ပြည်နယ် သို့မဟုတ် တိုင်းဒေသ၊ ခရိုင် သို့မဟုတ် ဒေသန္တရအဆင့်တွင်လည်း ရှိနိုင်သည်။

ပါတီရုံးခွဲအထွေထွေအစည်းအဝေး(အေဂျီအမ်)/ညီလာခံသည် ရုံးခွဲ၏အမြင့်ဆုံးသော ဆုံးဖြတ်ချက်ချခြင်း အဖွဲ့ ဖြစ်သည်။ ဤညီလာခံသည် အဖွဲ့ဝင်များက ခေါင်းဆောင်မှုပိုင်းကို ရွေးကောက်တင်မြှောက်သည့်နေရာ ဖြစ်သည်။ ရုံးခွဲ အထွေထွေအစည်းအဝေး/ညီလာခံသည် ရုံးခွဲရှိ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် စည်းရုံးရေးဆိုင်ရာ အတွင်းရေးမှူးတို့မှတင်ပြသော အဖွဲ့အစည်းဆိုင်ရာ အစီရင်ခံစာများနှင့်ဘဏ္ဍာရေးမှူးမှတင်ပြသောဘဏ္ဍာ ရေးအစီရင်ခံစာတို့ကို စစ်ဆေးကြားနာပြီးကျင့်သုံးသည်။ ပါတီဖွဲ့စည်းပုံဥပဒေသည် သင့်အနေဖြင့်ရုံးခွဲအလုပ် အမှုဆောင်ကော်မတီဝင်များကို ရွေးကောက်ရန် သို့မဟုတ်  မည်သည့်အစီရင်ခံစာကိုမဆို အတည်ပြုပေးရန် အတွက် ပါတီရုံးခွဲအဖွဲ့ဝင်တစ်ဝက်နှင့် အပေါင်းတစ်ဦးရှိရမည်ဟု ပြဋ္ဌာန်းထားသည်။ ထိုသို့ရုံးခွဲအဖွဲ့ဝင်တစ် ဝက်နှင့်အပေါင်းတစ်ဦးကိုရရှိရန်ခက်ခဲနိုင်သည်။ ထို့ကြောင့် ပါတီရုံးခွဲအထွေထွေအစည်းအဝေးများ/ ညီလာခံ များကို ကြိုတင်၍ လူသိရှင်ကြားကြေညာကာ စီစဉ်ကျင်းပရမည်ဖြစ်သည်။

ပါတီရုံးခွဲအလုပ်အမှုဆောင်ကော်မတီ

မည်သည့်အဆင့်တွင်မဆို ပါတီ၏အမြင့်မားဆုံးသော ဆုံးဖြတ်ချက်ချခြင်းအဖွဲ့သည် တစ်ဆင့်ပိုနိမ့်သောအ လွှာများမှ ကိုယ်စားလှယ်များက အလုပ်အမှုဆောင်ကော်မတီများကို ရွေးကောက်တင်မြှောက်လိုက်ရာ ညီ လာခံများဖြစ်ပါသည်။ အထက်ပါညီလာခံများသည် အမျိုးသား၊ ပြည်နယ်/တိုင်းဒေသ၊ ခရိုင် သို့မဟုတ် ဒေသ န္တရအဆင့်တစ်ခုခုတွင် ရှိနိုင်ပါသည်။ ဒေသန္တရအဆင့်ညီလာခံများတွင် ပါတီဝင်များသည် ရုံးခွဲအလုပ်အမှု ဆောင်ကော်မတီ(ဘီအီးစီ)ကိုရွေးကောက်ပြီး ယင်းကော်မတီတွင် ရာထူးဌာနလက်ကိုင်နေရာများပါဝင်သည်။

ဘီအီးစီကို အေဂျီအမ်တွင် ရွေးကောက်ပြီး ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ လက်ထောက်အတွင်းရေးမှူး၊ ဘ ဏ္ဍာရေးမှူးနှင့် အဖွဲ့ဝင်သုံးဦးနှင့် ထပ်တိုးဆယ်ဦးတို့ကြား ပါဝင်သည်။ ရုံးခွဲအလုပ်အမှုဆောင်ကော်မတီ၏အ ခန်းကဏ္ဍသည် ရုံးခွဲမြေနေရာ သတ်မှတ်တည်ဆောက်ရန်၊ ဦးဆောင်ရန်နှင့် လမ်းညွှန်ရန်ဖြစ်သည်။

ဘီအီးစီနှင့် အဖွဲ့ဝင်များ၏ အခန်းကဏ္ဍများ၊ တာဝန်၀တ္တရားများနှင့် အာဏာရပ်များကို ပါတီဖွဲ့စည်းပုံဥပဒေ ထဲတွင် အမြဲတမ်းထည့်သွင်းဖော်ပြပေးထားရမည်။ ဘီအီးစီသည် အစိုးရအဖွဲ့တွင်း ဝန်ကြီးအဖွဲ့ကဲ့သို့ပင် စု ပေါင်း၍ ဆုံးဖြတ်ချက်ချများကို ချမှတ်သင့်သည်။ ကော်မတီတွင်းရာထူးလက်ကိုင်နေရာအမျိုးမျိုးရှိကာ တာ ဝန်ယူဆောင်ရွက်သည့်အလုပ်များလည်း ရှိသည်။  ဌာနလက်ကိုင်ရှိရုံးအရာရှိတစ်ဦးစီတွင် တာဝန်ယူမှု ရှိရှိဖြင့် ဆောင်ရွက်သောအလုပ်ဟုတ်၊မဟုတ်ကို စစ်ကြည့်ရန်တာဝန်ရှိသည်။ ဘီအီးစီအဖွဲ့ဝင်များအတွက် ဆောင် ရွက်ရမည့် လုပ်ငန်းများအနှစ်ချုပ်စာရင်းကို အောက်တွင်ဖော်ပြထားသည်။

  • ခိုင်မာသောရုံးခွဲများ သတ်မှတ်တည်ဆောက်ခြင်း၊ ရုံးခွဲတွင် တက်ကြွလှုပ်ရှားသူများကို အားပေးခြင်း နှင့် တိုးတက်စေခြင်း။
  • ရုံးခွဲသေနင်္ဂဗျူဟာစီမံကိန်းရေးဆွဲခြင်းနှင့် လက်တွေ့လုပ်ငန်းစဉ်များကို ဦးဆောင်ချမှတ် ဆောင်ရွက် ခြင်း။
  • ရုံးခွဲ၏အားသာချက်နှင့် အားနည်းချက်တို့ကို ဆန်းစစ်အကဲဖြတ်ခြင်း
  • ပါတီ၏ပုံရိပ်ဖြစ်အောင်လုပ်ခြင်းနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းအတွင်း အခြားသောအုပ်စုများ၊ မိမိ တို့အကျိုးအမြတ်ဖြစ်နိုင်ချိန်တွင် စီးပွားရေးလုပ်ငန်းများနှင့် အတူ ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေး များကို တည်ဆောက်ခြင်း
  • လူမှုအသိုင်းအဝိုင်းအတွင်း လျှပ်ပြက်ပြောင်းလဲမှုများနှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတ ကောင်းစွာ ရှိခြင်းနှင့် သိမြင်နားလည်မှုရှိခြင်း
  • နိုင်ငံရေးနှင့် လူ့အဖွဲ့အစည်းအကြောင်း၊ နိုင်ငံရေး၏လုပ်ငန်းဆောင်တာများနှင့် ပြောင်းလဲတတ်မှုဖြစ် စဉ်များကို အထွေထွေဖတ်မှတ်လေ့လာလိုက်စားခြင်း
  • ပါတီအကြောင်းကောင်းစွာသိမြင်နှံ့စပ်မှုရှိခြင်း၊ ပါတီ၏သမိုင်း၊ ဖွံ့ဖြိုးတိုးတက်ပုံများနှင့် နိုင်ငံရေးအကြောင်းတို့ကို ဆိုလိုသည်။

အရန်အုပ်စုများ(လက်တွေ့လုပ်ငန်းအဖွဲ့များ)

လူငယ်ရေးရာအဖွဲ့များနှင့် အမျိုးသမီးရေးရာအဖွဲ့များသည် ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံရေးပါတီများတွင် အ တွေ့မြင်ရဆုံးသော အရန်အုပ်စုများဖြစ်ကြသည်။ ထိုအရန်အုပ်စုများသည် အများအားဖြင့် ပါတီအဖွဲ့အစည်း ၏အစိတ်အပိုင်းဖြစ်ကြပြီး ပါတီဝင်များထံ သီးခြားအလေးထားရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပါတီခေါင်း ဆောင်ပိုင်း၏ဆောင်ရွက်မှုတို့ကို ဆွယ်တရားဟောပေးကြသည်။ အဆိုပါအရန်အုပ်စုများတွင် ကိုယ်ပိုင်အဖွဲ့ ဝင်မှတ်ပုံတင်ခွင့်ရှိသည်၊ ဘက်ဂျက်ရေးဆွဲခွင့်ရှိသည်၊ အမှီအခိုကင်းလွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ ယင်းရှုထောင့်မှကြည့်လျှင် အရန်အုပ်စုများ၏ အမှီအခိုကင်းလွတ်လပ်မှုသည် အမျိုးမျိုးကွဲပြားမှုရှိသည်။ အ ရန်အုပ်စုများတွင် အမျိုးသားညီလာခံများထံ ကိုယ်ပိုင်ကိုယ်စားလှယ်များကို စေလွှတ်ပိုင်ခွင့်ရှိတတ်ပြီးတစ်ခါ တစ်ရံ အမျိုးသားအလုပ်အမှုဆောင်ကော်မတီ(အေစီအီး)တွင် ကိုယ်စားပြုခွင့်ကိုပင် ရတတ်သည်။

ပါတီအများအပြားတွင် နည်းပညာဆိုင်ရာကော်မတီများလည်းရှိသလို၊ သီးခြားလုပ်ငန်းများအတွက် တာဝန် ယူလုပ်ဆောင်သောအုပ်စုများလည်းရှိသည်။ ဥပမာ စီမံကိန်းများနှင့်ဆိုင်ရာကိစ္စရပ်များ(စီးပွားရေးမူဝါဒ၊ ပြည် တွင်းမူဝါဒ၊ နိုင်ငံခြားရေးမူဝါဒအစရှိသဖြင့်)ကို ဆွေးနွေးရာတွင်ဖြစ်စေ၊ သီးခြားအစုအဖွဲ့များ (သမဂ္ဂများ၊ ဒေ သတွင်းနိုင်ငံရေးသမားများ၊ လူလတ်တန်းစားနိုင်ငံသားများ၊ စွန့်ဦးစီးပွားရေးသမားများနှင့် အကြီးတန်းများ အစရှိသဖြင့်)ပါဝင်ဆောင်ရွက်နိုင်စေရေးအတွက် တာဝန်ယူလုပ်ဆောင်သောအဖွဲ့များဖြစ်သည်။ အဆိုပါကော် မတီများသည် ပါတီများ၏အတွင်းပိုင်းဘ၀နှင့် ပါတီများ၏ပြင်ပပုံရိပ်အတွက် အရေးပါသောလုပ်ငန်းဆောင်တာတစ်ရပ်ကို တာဝန်ယူဆောင်ရွက်သည်။